Live လွှင့်ရင်း ခင်ပွန်းဖြစ်သူ ရွှေထူးကို ချွဲနေတဲ့ ရွှေမှုန်ရတီ

Posted on - Dec 6 []

Rowena

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းသူလေးပါ။ ရွှေမှုန်ဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုအသက်(၂၀) အရွယ်မှာ တော်တော်လေးအောင်မြင်နေသူတစ်ဦးပါ။ ရွှေမှုန်ဟာ ကျရာဇာတ်ရုပ်တိုင်းမှာ တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာလဲ ခောင်းဆောင်မင်းသမီး အနေနဲ့ ပါဝင်သရုပ်ဆောင်ရသူပါ။

ရွှေမှုန်ရတီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေသာမကပဲ ကြော်ငြာအမြောက်အများကိုလဲ ရိုက်ကူးနေရသူလေးတစ်ဦးပါ။ ပရိသတ်တွေကလဲ ရွှေမှုန့်ရဲ့ သရုပ်ဆောင်မှုတွေကို အစဉ်အမြဲအားပေးနေလျက်ရှိပါတယ်။ ရွှေမှုန်ကလဲ သူ့ရဲ့ချစ်ပရိသတ်တွေအတွက် သူ့ရဲ့အစွမ်းအစရှိသလောက် ကြိုးစားနေတာကို ပရိသတ်ကြီး တြွေ့မင်ရမှာပါ။

ရွှေမှုန်ဟာ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ သူမရဲ့ချစ်သူဖြစ်သူ အဆိုတော်ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားကြပါတယ်။ ရွှေမှုန်ရတီနဲ့ ရွှေထူးတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အစပိုင်းမှာ ဝေဖန်မှုတွေရှိနေပေမယ့် ရွှေမှုန်ရတီနဲ့ ရွှေထူးကတော့ အချစ်ကိုသာ ဦးစားပေးပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ရွှေမှုန်ရတီနဲ့ ရွှေထူးက ပူပူနွေးနွေး ဇနီးမောင်နှံမို့လို့ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်ပဲ ချစ်ခင်နေကြတာကို ပရိသတ်ကြီး တွေ့မြင်ရမှာပါ။

ရွှေမှုန်ရတီက ဒီနေ့မှာလဲ ကြော်ငြာရိုက်ကွင်းတစ်ခုမှာ ကြော်ငြာရိုက်ကူးနေရင်း သူမရဲ့ ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် Live လွှင့်ပေးခဲ့ပါတယ်။ ရွှေမှုန်ရတီ Live လွှင့်နေရင်း ရွှေထူးက ဇနီးချောလေးကို စနောက်ပြီး ကောမန့်တွေပေးနေတာကို တွေ့ရမှာပါ။ ကြင်စဦးဇနီးမောင်နှံနှစ်ယောက် ကြည်နူးနေကြတဲ့ ပုံရိပ်တွေကိုလဲ ပရိသတ်ကြီးတွေ့မြင်ရမှာပါ။

ခင်ပွန်းဖြစ်သူကို Live လွှင့်နေရင်း ကလေးလေးတစ်ယောက်လို မုန့်မှာနေတဲ့ ပုံလေးက ချစ်စရာကောင်းပါတယ်။ ရွှေထူးကလဲ ရွှေမှုန်ရတီက သူ့ထက်အသက်ငယ်သူလေးမို့ အကြီးပီပီအလိုလိုက်နေရတဲ့ပုံပါပဲ။ ရွှေမှုန်ရတီကလဲ တော်တော်လေး ချစ်စရာကောင်းတာမို့လို့ ရွှေထူးအနေနဲ့ ရှိသမျှအချစ်တွေ ပုံအောပြီး ချစ်နေရတာ အံ့သြစရာ မရှိပါဘူးနော်။

ပရိသတ်ကြီးလဲ ရွှေထူးနဲ့ ရွှေမှုန်ရတီရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အားကျနေမယ်လို့ မျှော်လင့်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ သီချင်းလေးကလဲ မကြာခင်ထွက်ရှိတော့မယ်လို့ သိရလို့ အားပေးကြပါဦးနော်။ ရွှေထူးနဲ့ ရွှေမှုန်ရတီကိုချစ်တဲ့ ပရိသတ်ကြီးလဲ သူတို့ကို အခုထက်ပိုပြီး ချစ်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Saw
Source; Sgwe Hmone Yati's fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။