"ဟိုးဆရာ" ရုပ်ရှင်ကားကြီးရိုက်ကူးရင်း နေပြည်တော်မှာပျော်နေကြတဲ့ အနုပညာရှင်များအဖွဲ့

Posted on - Dec 6 []

K Kay

စာရေးသူ

နိုင်ငံကျော် အနုပညာရှင် အကယ်ဒမီမင်းသား မင်းသမီးများဖြစ်ကြတဲ့ မြင့်မြတ်နှင့် ခိုင်သင်းကြည်တို့ကတော့ ယခုဆိုရင် " ဟိုးဆရာ " ရုပ်ရှင်ကားကြီး ရိုက်ကူးရန်အတွက် နေပြည်တော်ကို ရောက်ရှိနေခဲ့ကြတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အနုပညာပိုင်းမှာ ပြောစရာမလိုလောက်အောင် ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့အတူ အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားပြီး နာမည်ကြီးနေခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ပီပြင်လွန်းကြတဲ့ သူတို့နှစ်ယောက်ကတော့ နာမည်ကြီးထိပ်တန်း မင်းသား မင်းသမီးတွေထဲမှာ ပါဝင်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေပဲဖြစ်ကြပါတယ်။

"ဟိုးဆရာ" ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးနေတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့ မြင့်မြတ်၊ ခိုင်သင်းကြည်၊ ညီထွဋ်ခေါင်၊ ခင်လှိုင်၊ ကေညီ၊ ဇင်မျိုး၊ နေလင်း နှင့် တစ်ခြားအနုပညာရှင်ပေါင်းများစွာတို့က ပါဝင်ရိုက်ကူး နေကြတာပဲဖြစ်ပါတယ်။ ယခုအချိန်အထိ " ဟိုးဆရာ " ရုပ်ရှင်ကားကြီးကို နေပြည်တော်မှာ ရိုက်ကူးနေကြဆဲပါ။

နေပြည်တော်ကို ရုပ်ရှင်ရိုက်ကူးရန် ရောက်ရှိနေကြတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမအဖွဲ့သားများကတော့ တစ်စုတစ်စည်းတည်း ပျော်ရွှင်နေကြတာဖြစ်ပြီး ဟိုတယ်ရှေ့မှာ ကိုယ်ပိုင်ကာလာအိုကေစက်လေးနဲ့ သီချင်းလေးတွေကို ပျော်ပျော်ပါးပါး သီဆိုထားခဲ့ကြတာပဲဖြစ်ပါတယ်။ ထိုသို့ ပျော်ပျော်ပါးပါး သီချင်းသီဆိုနေချိန် သရုပ်ဆောင် ကေညီက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ live လွှင့်ပြီး ဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး) ရိုက်ထားပြီး နာမည်ကြီး အကယ်ဒမီ မင်းသား မင်းသမီးများနှင့် တစ်ခြားအနုပညာရှင်ပေါင်းများစွာတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ " ဟိုးဆရာ " ရုပ်ရှင်ကားကြီးထွက်ရှိလာရင်လည်း အားပေးကြဖို့ မမေ့နဲ့ဦးနော် ပရိသတ်ကြီးရေ။

မခိုင်လေးအပါအဝင် ပျော်ပျော်ပါးပါးသီဆိုထားကြတဲ့ အနုပညာရှင်များရဲ့ video

တက်ညီလက်ညီ ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ပါးပါး live လွှင့် သီချင်းသီဆိုထားကြတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများရဲ့ video file လေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ video file လေးကို ကြည့်ပြီး စိတ်ကျေနပ်မှု တကယ်ရရှိသွားခဲ့ရင် ဒီ post လေးကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : David K Nyi's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။