" မွေးမြေသို့ " သီချင်းအသစ်လေးကို ပရိသတ်တွေထံ အရောက်ပို့ပေးလိုက်ပြန်တဲ့ မနော

Posted on - Dec 6 []

K Kay

စာရေးသူ

အဆိုတော် မနောဟာဆိုရင် အဆိုပိုင်းမှာ ပါရမီပါပြီး ဝါသနာကြီးလွန်းတဲ့ သူလေးတစ်ယောက်ပါ။ သူဟာဆိုရင် အချိန်တိုတိုလေးအတွင်းမှာ ပရိသတ်တွေ သဘောကျကျေနပ်မှုရှိအောင် သီချင်းတွေကို သီဆိုပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ယခုအချိန်အထိ လက်ခံရရှိ ထားခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကို စိတ်သဘောထားပြည့်ဝပြီး အသံချိုတဲ့ မနောကတော့ မိဘကို ပြုစုလုပ်ကျွေးနေတဲ့ သားလိမ္မာလေး တစ်ယောက်ပဲဖြစ်ပါတယ်။

တောကြိုက်၊ မြို့ကြိုက်ဖြစ်အောင် သီဆိုပေးခဲ့တဲ့ မနောရဲ့ သီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေကြားရေးပန်းစားပြီး အကြိုက်တွေ့စေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယခုဆိုရင်လည်း သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ " မွေးမြေသို့ " သီချင်းသစ်လေးကို ပရိသတ်တွေကြားချပြပေးပြီး မိတ်ဆက်ပေးလိုက်ပြန်တာပဲဖြစ်ပါတယ်။ သီချင်းအသစ်လေး မတင်ခင်တစ်ရက်အလိုမှာ မနောကတော့ " မင်္ဂလာပါ ဒီရက်ပိုင်း တစ်ပုဒ်တင်မယ်ဗျို့ အားပေးဦး ဆယ်ကမ္ဘာထိအားပေးဦး 😍🙏❤️ သာယာပျော်ရွှင်ပါစေဗျားး မောင်မနော 🏆🏆🏆 " ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

လွမ်းမောစရာကောင်းပြီး ရွာပြန်ချင်စိတ်ပေါက်သွားရမယ့် သီချင်းသစ်လေးတစ်ပုဒ်ကို ယနေ့လေးမှာ မနောက ပရိသတ်တွေနဲ့ စတင်မိတ်ဆက် ပေးလိုက်ပြန်တာပဲဖြစ်ပါတယ်။ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ " မွေးမြေသို့ " သီချင်းလေးကို ပရိသတ်တွေထံချပြပေးလိုက်တဲ့ မနောကတော့ " တင်ပြီဗျို့ ချစ်တုန်းကြီးတို့ရေးးး အားပေးရင်း ရွာပြန်ချင်လာရင်တော့ 🤪 တာဝန်မယူ 😝❤️❤️😍🙏🏆သာယာပျော်ရွှင်ပါစေဗျားးး🏆 မောင်မနော 🏆" ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

ပျော်စရာကောင်းတဲ့ ရွာဓလေ့လေးတွေနဲ့ ပရိသတ်တွေကို ကြိုက်နှစ်သက်စေနိုင်အောင် သာယာချိုသာတဲ့ အသံလေးနဲ့ ဆွဲဆောင်မှုအပြည့် သရုပ်ဆောင်ထားတဲ့ " မွေးမြေသို့ " သီချင်းသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရှုအားပေးကြပါဦးနော် ပရိသတ်ကြီးရေ။

မနောရဲ့ သီချင်းအသစ်လေး တစ်ပုဒ်ဖြစ်တဲ့ " မွေးမြေသို့ " သီချင်း video

အရမ်းကို သဘာဝကျပြီး သီချင်းလေးနဲ့လိုက်ဖက်အောင် ပီပြင်စွာ သရုပ်ဆောင်ပြသပေးနိုင်ခဲ့တဲ့ မနောရဲ့ သီချင်းအသစ်လေးကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ " မွေးမြေသို့ " သီချင်းလေးကို နားထောင်ပြီး အမှန်တကယ် အိမ်ပြန်ချင်စိတ်ဖြစ်ပေါ်လာတယ် သီချင်းလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Manaaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။