ရူးခါနေအောင် ထိမိတဲ့ ပုံရိပ်တွေနဲ့ အသေသတ်လိုက်ပြန်တဲ့ ​နေခြည်​ဦး

Posted on - Dec 6 []

Myint Myat

စာရေးသူ

Beauty Blogger မလေး နေခြည်ဦးကတော့ သွက်လက်ထက်မြက်ပြီး ပွင့်လင်းတဲ့ သူမရဲ့အနေအထိုင်အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူများထက်ထူးတဲ့ အနုပညာတွေကို ချပြလေ့ရှိတဲ့ နေခြည်ဦးကတော့ လတ်တလောမှာလည်း MODA မဂ္ဂဇင်းအတွက် ရိုက်ကူးထားတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ရူးခါနေအောင် ထိမိလွန်းတဲ့ နေခြည်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆန်းပြားတဲ့ Creations တွေနဲ့ ထိထိမိမိဂေါ်နေတဲ့ Beauty Blogger မလေး နေခြည်ဦးရဲ့ပုံရိပ်တွေက တကယ့်ကို ထူးခြားလွန်းပါတယ်နော်။

အနုပညာနဲ့ပတ်သတ်ပြီး ဘက်ပေါင်းစုံထူးချွန်တယ်လို့ ပြောလို့ရတဲ့ နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် ထိပ်တန်းမင်းသမီးကြီးတွေနဲ့ ယှဉ်ပြီး သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။

သက်ရှိအရုပ်မလေးတစ်ဦးလို လှရက်လွန်းတဲ့ နေခြည်ဦးရဲ့ပုံရိပ်တွေကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပါပဲနော်။

နေခြည်ဦးကတော့ "ပြောင်းလဲမှုကို ဖန်တီးနေရမှာက ကိုယ့်အလုပ် ဝေဖန်ပေးဖို့က ယူ့အလုပ် ချစ်နေရမှာက chillies တွေအလုပ် ❤️ MODA အတွက် နေခြည်ဦး Grab your Dec Issues now 💥💥" ဆိုပြီး သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားခဲ့တာပါ။

နေခြည်ဦးကတော့ လတ်တလောမှာလည်း သူမရဲ့ပထမဦးဆုံး ပစ္စည်းလေးဖြစ်တဲ့ 2019 Year Planner Book လေးကို ထုတ်ထားပါသေးတယ်။

နေခြည်ဦးကတော့ လက်ရှိမှာရုံတင်ပြသတော့မယ့် "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း အသစ်တစ်ဦးပေမယ့် အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ မိန်းကလေးတွေကို အလှအပနဲ့ပတ်သတ်ပြီး အကောင်းဆုံး လမ်းညွှန်ပေးနေတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အနုပညာပိုင်းမှာလည်း ခေသူတစ်ဦး မဟုတ်ပါဘူးနော်။ ဘက်စုံထူးချွန်သူတစ်ဦးလို့တောင် ပြောလို့ရတဲ့ ချီချီလေးကတော့ စီးပွားရေးပိုင်းမှာလည်း အောင်မြင်အောင် ကြိုးစားနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အမြဲလိုလို ပရိသတ်တွေကို အမြင်ဆန်းဆန်းလေးတွေ ဝေမျှပေးလေ့ရှိတဲ့ ချီချီလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nay Chi Oo's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။