ထူးချွန်ဆုပေးရလောက်ရလောက်အောင် တာဝန်ကျေလွန်းကြတဲ့ Kpop ၀န်ထမ်းများ

Posted on - Dec 6 []

Zue

စာရေးသူ

ပရိသတ်တွေအနေနဲ့ Kpop ၀န်ထမ်းဆိုတာ ဘာလဲလို့ တွေးနိုင်ကောင်း တွေးမိကြပါလိမ့်မယ်။ တကယ်တော့ Kpop ၀န်ထမ်းဆိုတာက Idol တွေရဲ့ အနားမှာ အမြဲတမ်းရှိနေကြတဲ့ မန်နေဂျာတွေ၊ သက်တော်စောင့်တွေ၊ ဒီဇိုင်နာတွေ၊ မိတ်ကပ်ပညာရှင်တွေကို ခြုံပြီးတော့ ဆိုလိုထားခြင်းဖြစ်ပါတယ်။ သူတို့တွေဟာ Idol တွေရဲ့ အနားမှာ အမြဲရှိနေတတ်ကြပြီး Idol တွေကို အန္တရာယ်မရှိအောင်၊ အမြဲတမ်းကျော့ကျော့မော့မော့နေနိုင်အောင် ကူညီပေးကြတဲ့သူတွေဖြစ်ကြတဲ့အပြင် Idol တွေအနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းခံရအောင် လမ်းညွှန်ပေးတတ်ကြသူတွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့တွေအတွက် ထူးချွန်ဆုတွေများ ပေးခဲ့ကြသည်ရှိသော် ရသင့်ရထိုက်တယ်လို့ ပရိသတ်တွေက ရွေးချယ်ပေးထားကြတဲ့ တာဝန်ကျေလွန်းကြသူတွေ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ် Idol ရဲ့ ဘယ်ဝန်ထမ်းကများ ဘယ်လိုဆုမျိုးတွေနဲ့ ထိုက်တန်ကြသလဲဆိုတာကို ဆက်လက်ရှုစားကြည့်ပါဦး။

1. SEVENTEEN’s staff noona – Winner of the “I Do It For The Fans” Award

ဒီဝန်ထမ်းမမကတော့ ပရိသတ်ပေးတဲ့ ပန်းပွင့်လေးကို Idol အနေနဲ့ တန်ဖိုးထားကြိုက်နှစ်သက်တဲ့ပုံဖြစ်အောင် ပန်းအရိုးကို Idol ရဲ့ သွားနဲ့ ကိုက်လို့ရအောင် ပါးစပ်ထဲကို ခပ်တည်တည်နဲ့ ထည့်ပေးခဲ့တာကြောင့် SEVENTEEN ရဲ့ ပရိသတ်တွေမှာ သဘောကျခဲ့ကြဖူးပါတယ်။

2. Lovelyz’s stylists – Winners of the “No Wardrobe Malfunctions” Award

တချို့သော အမျိုးသမီး Idol တွေမှာ စတိုင်လစ်တွေရဲ့ ဆင်ယင်ပေးမှုကြောင့် Stage ပေါ်မှာ ဖျော်ဖြေရတဲ့အခါမျိုးတွေ (ဒါမှမဟုတ်) TV အစီအစဉ်တွေမှာ ပါဝင်ပြီးတင်ဆက်ရတဲ့အချိန်မျိုးတွေမှာ ဖုံးရဖိရခက်ပြီး နေရထိုင်ရကြပ်တတ်ကြပါတယ်။ Lovelyz ရဲ့ စတိုင်လစ်တွေကတော့ Idol တွေကို အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ၀တ်ဆင်ပေးတတ်တာကြောင့် ပရိသတ်တွေက ဒီဆုကို ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။

3. Stray Kids’ manager – Winner of the “Manager to the Rescue” Award

Idol တွေ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့ အခါမျိုးတွေမှာဆိုရင် မန်နေဂျာတွေမှာ တာဝန်အပြည့်ရှိပါတယ်။ တချို့မန်နေဂျာကတော့ ဒီလိုအခြေအနေတွေမှာ Idol ကို မသိကျိုးကျွံဟန်ပြုထားတတ်ပြီး တခြားသောကိစ္စရပ်များကို လိုက်လံရှင်းလင်းတတ်ကြပါတယ်။ Stray Kids ရဲ့ မန်နေဂျာကတော့ Idol အစမ်းလေ့ကျင့်မှုပြုလုပ်နေတဲ့အချိန်မှာ မတော်တဆထိခိုက်မှုဖြစ်ခဲ့တာကြောင့် သူကိုယ်တိုင် Idol ကို ကျောပိုးပြီး အစမ်းလေ့ကျင့်မှုလုပ်နေတဲ့နေရာကနေ ကားဆီကို ခေါ်ခဲ့ပါတယ်။

4. Girls’ Generation’s managers – Winners of the “Patient AF” Award

နာမည်ကျော် အမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ SNSD အဖွဲ့ဟာ သီဆိုဖျော်ဖြေတဲ့အခါမျိုးတွေ၊ ရိုက်ကူးရေးလုပ်နေတဲ့အချိန်မျိုးတွေမှာသာ အမိုက်စားဖျော်ဖြေမှုတွေနဲ့ တင်ဆက်တတ်ကြပေမယ့် ကင်မရာနောက်ကွယ်မှာတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ပျော်ရွှင်ရွှင်စနောက်တတ်သူတွေ ဖြစ်ကြပါတယ်။ သူမတို့ရဲ့ အနားမှာ အမြဲရှိနေတတ်ကြတဲ့ မန်နေဂျာတွေဆိုရင် သူမတို့ စနောက်တာကို အမြဲတမ်းခံရလေ့ရှိသူတွေပါ။ ဒါကြောင့် စိတ်ရှည်ပြီး အသည်းခံနိုင်ဆုံးသော မန်မေဂျာဆု ပေးရမယ်ဆိုရင် သူမတို့အဖွဲ့ရဲ့ မန်နေဂျာကို ရရှိကြမှာ မလွဲမသွေပါပဲ။

5. BLACKPINK’s managers – Winners of the “Do You See What I Have To Put Up With?” Award

BLACKPINK ရဲ့ မန်နေဂျာတွေဟာလည်း ပျော်ရွှင်စနောက်တတ်တဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ စနောက်ခြင်းကို အမြဲတမ်းခံနေကြရသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း အဖွဲ့ဝင်တွေကို အမြဲတမ်းသည်းခံပြီး ကာကွယ်ပေးကြတဲ့သူတွေ ဖြစ်ပါတယ်။

6. NCT’s manager – Winner of the “I’m Hot Enough To Be A Member” Award

NCT ရဲ့ မန်နေဂျာတစ်ယောက်ကတော့ Idol တွေကို ကာကွယ်ပေးသူတစ်ယောက်ဖြစ်ယုံသာမက Idol လားလို့ အထင်မှားရလောက်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် အချောဆုံးသော Idol Manager ဆိုတဲ့ဆုသာ ရှိမယ်ဆိုရင် သူကတော့ မလွဲမသွေရမှာ အသေအချာပါပဲ။

7. IU’s bodyguard – Winner of the “BFF Bodyguard” Award

IU ရဲ့ ဘော်ဒီဂတ်ဖြစ်တဲ့ Mr.Park ကိုတော့ IU ရဲ့ ပရိသတ်တွေအများစုက သိကိုသိကြမှာပါ။ IU ရဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို အနားမှာအမြဲရှိနေပေးတတ်ပြီး ကာကွယ်စောင့်ရှောက်မှုပေးတဲ့သူ့ဟာ IU ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကိုရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက IU အနားမှာရှိနေခဲ့တဲ့သူဟာ ဒီနေ့အချိန်ထိလည်း IU ကို ကာကွယ်မှုတွေ ပေးနေဆဲပါ။

8. TWICE’s manager – Winner of the “I Love ONCEs” Award

TWICE ရဲ့ မန်နေဂျာမမကတော့ TWICE အဖွဲ့ဝင်တွေကိုသာမက ONCES တွေကိုပါ ချစ်တတ်၊ ဂရုစိုက်တတ်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို ONCES တွေ အားလုံးသိပြီးကြပြီးသား ဖြစ်မှာပါ။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။