တိုင်းတစ်ပါးမှာ မွေးဖွား ကြီးပြင်းခဲ့ကြရတဲ့ Kpop Idol များ

Posted on - Dec 6 []

Zue

စာရေးသူ

ယခုလက်ရှိမှာ အောင်မြင်နေကြတဲ့ Kpop Idol အချို့ဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာပဲ မွေးဖွားကြီးပြင်းခဲ့ကြသူတွေ မဟုတ်ကြပါဘူး။ တောင်ကိုရီးယားလူမျိုးစစ်စစ်တွေဖြစ်ပေမယ့်လည်း ထိုင်း၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကအစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ မွေးဖွားကြီးပြင်းခဲ့ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီလိုဆိုရင် ဘယ် Idol တွေက ဘယ်နိုင်ငံတွေမှာ မွေးဖွားပြီးကြီးပြင်းခဲ့ကြသလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. Yugyeom (GOT7)

GOT7 ရဲ့ အငယ်ဆုံးလေး Yugyeom ကတော့ သူငယ်ငယ်တုန်းက ဘယ်နိုင်ငံမှာ နေထိုင်ခဲ့သလဲဆိုတာကို သူကိုယ်တိုင်မမှတ်မိတော့ပေမယ့် မိဘတွေရဲ့ ပြောပြချက်အရတော့ သူ့ရဲ့ ငယ်ဘ၀အချိန်တွေက ဆော်ဒီအာရေဗျမှာ ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။

2. Rosé (BLACKPINK)

BLACKPINK အဖွဲ့ဝင် Rosé ကိုတော့ ပရိသတ်တွေအတော်များများက သြစတြေးလျနိုင်ငံမှာ ကြီးပြင်းခဲ့တယ်လို့သိကြပေမယ့်လည်း တကယ်တမ်း သူမ မွေးဖွားပြီးငယ်ဘ၀ကို ကုန်ဆုံးခဲ့တဲ့နိုင်ငံကတော့ နယူးဇီလန်နိုင်ငံ ဖြစ်ပါတယ်။

3. I.M (MONSTA X)

MONSTA X အဖွဲ့ဝင် I.M ကတော့ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်ပြည်နယ်မှာ ငယ်စဉ်တုန်းက နေထိုင်ခဲ့ဖူးတဲ့အပြင် အီစရေး(လ်) နိုင်ငံမှာလည်း နေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အီစရေး(လ်) နေထိုင်ခဲ့တာကိုတော့ သူ့အနေနဲ့ သိပ်မမှတ်မိတော့ပါဘူးတဲ့။

4. CL

CL ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တယ်ဆိုပေမယ့်လည်း သူမရဲ့ ကလေးဘ၀ကိုတော့ ဂျပန်နဲ့ ပြင်သစ်တို့မှာ ကုန်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။

5. Sunny (Girls’ Generation)

SNSD ရဲ့ Sunny ကတော့ ငယ်စဉ်ကလေးဘ၀တုန်းက ကူဝိတ်နိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ထိုစဉ်အချိန်တုန်းက ကူဝိတ်နိုင်ငံမှာဖြစ်ပွားတဲ့ Gulf War ကို ကြုံတွေ့ရင်ဆိုင်ခဲ့ရဖူးတာကြောင့် အခုအချိန်ထိ သူမဟာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ၊ မီးရှူးမီးပန်းတွေကို ကြောက်လန့်နေဆဲပါ။

6. Dara (former 2NE1 member)

Dara ကတော့ ဖိလစ်ပိုင်နိုင်ငံမှာ ၁၀ နှစ်ကျော်မျှနေထိုင်ခဲ့ဖူးသူဖြစ်ယုံသာမက ဖိလစ်ပိုင်အနုပညာလောကမှာလည်း ပွဲထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

7. Eugene (S.E.S)

S.E.S ရဲ့ Eugene ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တသီးတခြားရှိနေတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ဂူအမ်ကျွန်းမှာ ငယ်ဘ၀ကို ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။

8. Tablo

Haru လေးရဲ့ ဖေဖေ Tablo ကတော့ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကြောင့် တောင်ကိုရီးယားနိုင်ငံအပြင် အင်ဒိုနီးရှား၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု အစရှိတဲ့နိုင်ငံခြားတိုင်းပြည်တွေမှာ နေထိုင်ခဲ့ဖူးပါတယ်။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။