ထပ်ပြီးနောက်ကောက်ကျခဲ့ပြန်တဲ့ မက်ဆီနဲ့ရိုနယ်ဒို

Posted on - Dec 6 []

Vitamin

စာရေးသူ

ဒီနှစ် ၂၀၁၈ခုနှစ်အတွင်းမှာ ပေးအပ်ခဲ့တဲ့ ဘောလုံးထူးချွန်ဆု အများဆုကို ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေရှားအသင်းတို့ရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကပဲ သိမ်းကျူံးရယူနေခဲ့ပါတယ်။ ပူပူနွေးနွေးဖြစ်နေသေးတဲ့ Ballon d’Or ဆုဆိုရင်လည်း ရိုနယ်ဒိုက အဆင့်၂ပဲ ရခဲ့သလို မက်ဆီဆိုရင် အဆင့်၅အထိတောင် ကျဆင်းနေခဲ့ရပါတယ်။

မိုဒရစ်က ဒီဆုမတိုင်ခင်ကလည်း Best FIFA Men Player ဆုနဲ့ UEFA Men Player of the Year Award တို့ကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်ဆုတခုကိုပါ မက်ဆီနဲ့ရိုနယ်ဒိုတို့ကို နောက်ကောက်ချပြီး မိုဒရစ်က ထပ်မံရယူနိုင်ခဲ့ပါတယ်။

International Federation of Football History and Statistics ( IFFHS ) ကနေ စိစစ်သတ်မှတ်လိုက်တဲ့ ၂၀၁၈ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး Playmarker ကိုလည်း မိုဒရစ်ကပဲ ရွေးချယ်သတ်မှတ်ခံလိုက်ရပြန်ပါတယ်။ မိုဒရစ်က စုစုပေါင်းရမှတ် ၂၇၂မှတ်နဲ့ ထိပ်ဆုံးနေရာကနေ သတ်မှတ်ခံလိုက်ရတာဖြစ်ပြီးတော့ မိုဒရစ်နဲ့နောက် ဒုတိယနေရာနဲ့ တတိယနေရာမှာ မက်ဆီနဲ့ဟာဇက်တို့က အသီးသီးရပ်တည်နေပါတယ်။ မိုဒရစ်နဲ့ ဒုတိယနေရာရောက်နေတဲ့ မက်ဆီတို့ကြားမှာ ၁၂၈မှတ်အထိကို ကွာဟလျက်ရှိနေပါတယ်။

မက်ဆီက ၂၀၁၈ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး Playmarker စာရင်းမှာ ဒုတိယနေရာကို ရခဲ့ပေမယ့်လည်း သူရဲ့အဓိကပြိုင်ဘက် ရိုနယ်ဒိုကတော့ အဆင့် ၁၀နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး စုစုပေါင်းရမှတ်ကလည်း ၅မှတ်သာရရှိခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ် ၂၀၁၈ခုနှစ်က ရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုရဲ့ အဆုံးသတ်ဖြစ်သွားမလားဆိုတာ တွေးချင်စရာပါ။ မိုဒရစ်ကလည်း သူရဲ့အသက်အရွှယ်အရ ဒီလို ပုံစံကောင်းကို ဆက်ထိန်းထားဖို့ မလွယ်ကူနိုင်တော့တာကြောင့် သူတို့တွေရဲ့နေရာမှာ ဘယ်ကစားတွေ အစားဝင်လာနိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။