ရန်သူ Press Show ပွဲကို တက်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦး

Posted on - Dec 6 []

Rowena

စာရေးသူ

အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာ ချစ်စရာကောင်းပြီး ဖြူဖြူသွယ်သွယ်လေးမို့ ကိုရီးယားမလေးတစ်ယောက်လို ထင်မှတ်ရပါတယ်။ ဝတ်မှုံရွှေရည်ဟာ အနုပညာလောကမှာတော့ ထိပ်တန်းနေရာမှာ ရပ်တည်နေနိုင်တဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်ဦးဆိုလဲ မမှားပါဘူး။ ဝတ်မှုံရွှေရည်ဟာ သူမပါဝင်တဲ့ ဇာတ်ရုပ်တိုင်းအတွက် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်လိုပဲ နေခြည်ဦးဟာလဲ ဒီနေ့ခေတ်ရဲ့ Social Media မှာရော၊ အနုပညာလောကမှာပါ အောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ Beauty Blogger ဘဝကနေ ပရိသတ်တွေရဲ့ သတိထားခြင်း ခံလာရသူလေးဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေရိုက်ကူးရာမှတဆင့် အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာသူဖြစ်ပါတယ်။ အခုဆိုရင် နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေပြီပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးဟာ ယနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့တဲ့ "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကိုတက်ရောက်ခဲ့ကြပါတယ်။ "ရန်သူ" ရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုကို ဒါရိုက်တာ မီးပွားက ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ နေမင်း၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ နေခြည်ဦး၊ အကယ်ဒမီ မေသန်းနု၊ မေသဉ္ဖာဦး တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးက "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို မတူညီတဲ့ ပုံစံတွေနဲ့ တက်ရောက်လာခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ကလဲ ဇာတ်လမ်းထဲက "ဆန်းကြယ်" ဆိုတဲ့ ကာရိုက်တာအတိုင်း ယောက်ျားလေးဆန်ဆန် ပြင်ဆင်လာပြီး နေခြည်ဦးကလဲ "လေပြေနုသွေး" ကာရိုက်တာအတိုင်း မိန်းကလေးဆန်ဆန် ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ ဇာတ်ကားကို အလေးထားတဲ့ စိတ်လေးတွေက လေးစားစရာပဲနော်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့နှစ်ယောက်လုံးက တစ်ယောက်တစ်မျိုးစီဖြစ်ပေမယ့် ချစ်စရာလေးနော်။ ပရိသတ်​​တွေကလဲ Trailer စထွက်​ကတည်းက ဝတ်​မှုံ​ရွှေရည်နဲ့ ​နေခြည်​ဦးကို ​တော်​​တော်​​လေး အတွဲညီညီသရုပ်​​ဆောင်​ထားတယ်​လို့​ဝေဖန်​ထားကြပါတယ်​။

"ရန်​သူ" ရုပ်​ရှင်​ဇာတ်​ကားကြီးကို ဒီဇင်​ဘာလ (၇) ရက်​​မှာ စတင်​ရုံတင်​ပြသမှမို့ သွား​ရောက်​ကြည့်​ရှုဖို့ မ​မေ့ကြပါနဲ့​နော်​။ကစ်​ကစ်​နဲ့ ချီချီတို့ ဘယ်​လို​တွေအ​ကောင်းဆုံးသရုပ်​​ဆောင်​ထားလဲဆိုတာ မကြည့်​မိရင်​​နောင်​တရသွားမှာ​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့အတွက်​ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Saw
Photo: nay chi oo & ကုမုဒြာ

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။