နာမည်ကြီးကာတွန်းဇာတ်ကောင်လေးတွေနဲ့ ချွတ်စွပ်တူနေကြတဲ့ Celebrity များ

Posted on - Dec 6 []

Douglas Thura

စာရေးသူ

ကလေးများရော မိဘများပါ ကြည့်လို့ အဆင်ပြေတဲ့ Disney ရဲ့ ကာတွန်းဇာတ်ကောင်လေးတွေတော်တော်များများရဲ့  Live Action တွေကို ပရိသတ်တွေတော်တော်များများကြည့်ဖူးချင်ကြမှာပါ။ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ Beauty And The Beast ရဲ့ Live Action မှာတော့ Belle နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Emma Watson ကို ပရိသတ်တွေတော်တော်များများ သဘောကျနှစ်သက်အားရခဲ့ကြပါတယ်။ Fox လုပ်ငန်းစုကြီးကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ Disney ဟာ Aladdin ရဲ့ Live Action ရုပ်ရှင်ကိုလည်း 2019 ခုနှစ်ထဲမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Disney က နာမည်ကြီးကာတွန်းဇာတ်ကောင်လေးတွေနဲ့ တစ်ထေရာတည်းတူကြတဲ့ ကမ္ဘာကျော် Celebrity တွေကို ဖော်ပြပေးလိုက်ပါတယ်။

Zac Efron

Cinderella ကာတွန်းကားထဲက မင်းသားလေး Prince Charming နဲ့ ပုံစံတူပြီး လိုက်ဖက်လွန်းနေသူကတော့ 17 Again မင်းသားချောလေး ဇက်အက်ဖရွန် ပဲ ဖြစ်ပါတယ်။

Shay Mitchell

မင်းသမီးလေး ပိုကာဟွန်းတက်စ်နဲ့ ချွတ်စွပ်တူတာကတော့ Pretty Little Liars မင်းသမီးချော ရှေးမစ်ချယ် ပဲဖြစ်ပါတယ်။ ရှေး ဟာ ညိုချောလေးတစ်ယောက်ဖြစ်နေတာကြောင့်လည်း ပိုကာနဲ့ တစ်ထေရာတည်းတူသွားတာပါ။

Selena Gomez

အာလာဒင်ထဲက မင်းသမီးလေး ဂျက်စမင်နဲ့ တစ်ပုံစံတည်းတူတာကတော့ အဆိုတော်၊မင်းသမီးလေး ဆလီနာဂိုးမက်ဇ် ပဲဖြစ်ပါတယ်။ (လက်ရှိမှာတော့ အာလာဒင် Live Action အတွက် ဂျက်စမင်နေရာမှာ မင်းသမီး Naomi Scott ကို ရွေးချယ်ထားပြီးဖြစ်ပါတယ်)

Harry Styles

Beauty And The Beast ထဲက The Beast နဲ့ ပုံစံချင်းချွတ်စွပ်တူတာကတော့ One Direction အဖွဲ့ ဝင် ဟယ်ရီစတိုင် ပဲဖြစ်ပါတယ်။ (Beauty And The Beast live action ထဲမှာတော့ The Beast နေရာမှာ မင်းသားချော Dan Stevens က သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်)

Kellan Lutz

Pocahontas ဇာတ်ကားထဲက John Smith ရဲ့ ပုံစံနဲ့ ချွတ်စွပ်တူတဲ့မင်းသားကတော့ ဗလတောင့်တောင့်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Kellan Lutz ဖြစ်ပါတယ်။

Taylor Swift

Tangled ရုပ်ရှင်ထဲက ရာပန်ဇယ်နဲ့ တစ်ထေရာတည်းတူသူလေးကတော့ ကမ္ဘာကျော် Country/Pop အဆိုတော် တေလာဆွစ်ပဲဖြစ်ပါတယ်။ ( တေလာဟာ ရာပန်ဇယ်ပုံစံအတိုင်းပြင်ဆင်ပြီး Photoshoot တစ်ခုလည်း ရိုက်ခဲ့ဖူးပါသေးတယ်)

Beyoncé

Princess And The Frog ထဲက မင်းသမီးလေး တီအားနား နဲ့ ချွတ်စွပ်တူသူကတော့ အဆိုတော် ဘီယွန်းစေး ဖြစ်ပါတယ်။

Bella Thorne

The Little Mermaid ဇာတ်ကားထဲက ရေသူမလေး အေရီရယ်နဲ့ ချွတ်စွပ်တူတာကတော့ Midnight Sun မင်းသမီးချောလေး ဘယ်လာသွန်းပဲဖြစ်ပါတယ်။ (အေရီရယ်နေရာမှာ မင်းသမီးချော Emma Watson နဲ့ ပဲ Live Action ရိုက်ကူးမယ်လို့ လည်း ကောလာဟလတွေ ထွက်ရှိထားပါတယ်)

Ref : cosmopolitan
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။