စုံတွဲကိုယ်စီနဲ့ ပွဲတက်ခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးနှစ်ဦး

Posted on - Dec 6 []

Myint Myat

စာရေးသူ

အနုပညာကို ချစ်မြတ်နိုးပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့နှစ်ဦးကတော့ အခုဆိုရင် သားသားမီးမီးလေးတွေကိုယ်စီနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ လက်တလောမှာတော့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး ရဲ့ မင်္ဂလာပွဲကို စုံတွဲကိုယ်စီနဲ့ တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကိုချစ်စရာကောင်းတဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့ အနုပညာမောင်နှမနှစ်ဦးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

တစ်နေ့တစ်ခြား အလှတွေ ပိုပိုပြီးတိုးလာတဲ့ ချစ်သက်လေး

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးရဲ့မင်္ဂလာပွဲကိုတော့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ အနုပညာရှင်တွေ အများကြီးက တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

သက်မွန်မြင့်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့မိသားစုလေးကတော့ တကယ့်ကို ကြည်နူးဖွယ်အတိပါပဲနော်။

မကြာသေးခင်ကမှ လူထွက်ထားတဲ့ သရုပ်ဆောင်ပြေတီဦးကတော့ မနေ့ညက မောင်မောင်အေးတို့ရဲ့မင်္ဂလာပွဲကို ချစ်ဇနီးချောလေးနဲ့အတူ ပွဲတက်ခဲ့တာ တွေ့ရပါတယ်။

သတို့သား သတို့သမီးနဲ့ စကားတွေဖောင်ဖွဲ့နေတဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ

အနုပညာပိုင်းမှာလည်း ထူးချွန်ပြီး အောင်မြင်မှုကိုယ်စီပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့နှစ်ဦးကတော့ အိမ်ထောင်ရေးမှာလည်း ပျော်ရွှင်အေးချမ်းနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မောင်မောင်အေးရဲ့မင်္ဂလာပွဲကို စုံတွဲကိုယ်စီနဲ့ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ သက်မွန်မြင့်တို့ နှစ်ဦးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Eaindra Kyaw Zin & Thet Mon Myint's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။