ခင်​ပွန်းဖြစ်​သူနဲ့အတူ ပွဲကြမ်းထားတဲ့ ​ရွှေမှုံရတီရဲ့သီချင်းအသစ်

Posted on - Dec 6 []

Myint Myat

စာရေးသူ

စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာဆိုတာ အချိန်သတ်​မှတ်​ချက်​​တွေမရှိတဲ့ ဆန်းကြယ်​မှုတစ်​ခုဆိုတာကို သက်​​သေပြခဲ့တဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ လက်​ရှိမှာ​ပျော်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပါ။ လတ်​တ​လောမှာ​တော့ ​ရွှေနှစ်​​ရွှေ​မောင်​နှံက​တော့ ​သူတို့နှစ်​ဦး အတူတကွပုံ​ဖော်​ထားတဲ့ "အမှား" သီချင်းဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ​တင်​ထားတာ ​တွေ့ရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံ​နှစ်​ဦး အမိုက်​စားသီဆိုထားတဲ့ သီချင်းဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ရွှေမှုံ​လေးရဲ့အသံက​တော့ တကယ့်​ကိုချိုချိုသာသာ​လေးနဲ့ နား​ထောင်​လို့​ကောင်းလှပါတယ်​​နော်​။

ရွှေထူးကလည်း မကြာခဏဆိုသလို ချစ်​ဇနီး​လေး အသံ​ကောင်း​ကြောင်း ချီးမွမ်း​လေ့ရှိသူတစ်​ဦးပါ။

ရွှေထူးနဲ့အတူသီဆိုထားတဲ့ ​ရွှေမှုံရတီရဲ့ပထမဦးဆုံးသီချင်းဗီဒီယို

အ​ဆွေးသီချင်း​တွေကို ပိုင်​ပိုင်​နိုင်​နိုင်​သီဆိုတတ်​တဲ့ ​ရွှေထူးနဲ့ အဘက်​ဘက်​က ထူးချွန်​တဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံတို့ ဇနီး​မောင်​နှံရဲ့"အမှား"ဆိုတဲ့ သီချင်း​လေးကလည်း အရမ်းကိုခံစားလို့​ကောင်းလှပါတယ်​ ။အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ နိုဝင်​ဘာလ ၁၁ရက်​​နေ့က နှစ်​ဦးသ​ဘောတူ လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြတာပါ။ သူတို့ဇနီး​မောင်​နှံနှစ်ဦးကတော့ လက်​ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးရဲ့ သီချင်းဗီဒီယို​လေးကို သေ​ဘောကျရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Shwe Hmone Yati's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။