အာဆင်နယ်ဂန္တ၀င်တွေဖြစ်တဲ့ ဟင်နရီနဲ့ဗီအဲရာတို့ နည်းပြဘ၀ ထိပ်တိုက်တွေ့ကြလေပြီ

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ

အာဆင်နယ်အသင်းရဲ့ ဂန္တ၀င်ကစားသမားတွေဖြစ်တဲ့ ဟင်နရီနဲ့ဗီအဲရာတို့ဟာ လက်ရှိအချိန်မှာတော့ နည်းပြဘ၀ကို ကူးပြောင်းခဲ့ပြီး ပြင်သစ်လိဂ်ဂူး ကလပ်တွေဖြစ်တဲ့ မိုနာကို၊ နိုက်စ်အသင်းတို့ကို တာဝန်ယူ ကိုင်တွယ်နေကြပါတယ်။ ယနေ့ညမှာတော့ ဟင်နရီရဲ့ မိုနာကိုအသင်းနဲ့ ဗီအဲရာရဲ့ နိုက်စ်အသင်းတို့ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကတော့ သူတို့၂ဦးရဲ့ နည်းပြဘ၀မှာ အမှတ်တရ ဖြစ်စေမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

လက်ရှိအချိန်မှာတော့ ဟင်နရီရဲ့ မိုနာကိုအသင်းက ရလဒ်တွေ ဆိုးရွားနေပြီး အဆင့်၁၈နေရာမှာ ရောက်ရှိနေကာ တုန်းဆင်းဇုန်ထဲမှာ ရှိနေပါတယ်။ နိုက်စ်အသင်းကတော့ ဗီအဲရာလက်ထက်မှာ ရာသီအစ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်ကောင်းလာခဲ့ပြီး အဆင့်၇နေရာအထိ ရောက်ရှိနေပါတယ်။

ဒါ့ပြင်နိုက်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၅ပွဲအထိအနိုင်ရခဲ့ကာ ၂ပွဲသရေကျခဲ့ပါတယ်။ အဆိုပါ၇ပွဲမှာ ခံစစ်စွမ်းဆောင်ရည်ကလဲ အတော်လေး ကောင်းမွန်ခဲ့ပြီး ၁ပွဲသာဂိုးပေးခဲ့ရကာ ကျန်တဲ့၆ပွဲကို ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီလိုအကောင်းဆုံး ပုံစံမှာရှိနေတဲ့ ဗီအဲရာရဲ့နိုက်စ်အသင်းကို ဟင်နရီရဲ့မိုနာကိုအသင်း အိမ်ကွင်းမှာ အံတုနိုင်ပါ့မလား။ သူတို့၂ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူက အနိုင်ရသွားမလဲ စိတ်ဝင်စားစရာပါပဲ။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။