စပွန်ဆာပေးမယ်လို့ ပြောလာသူရဲ့ Message ကို ပရိသတ်တွေထံချပြလိုက်တဲ့ အမျိုးသမီး Idol ဟောင်း

Posted on - Dec 6 []

Zue

စာရေးသူ

တက်သစ်စ မော်ဒယ်မလေးတွေ၊ မိန်းကလေး Idol တွေကို ညအိပ်အဖော်အနေနဲ့ နေထိုင်ခိုင်းပြီး စပွန်ဆာပေးတယ်ဆိုတာဟာ နိုင်ငံတကာရဲ့ အနုပညာလောကတွေမှာ ရှိနေကြတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိုး စပွန်ဆာတွေကို နေ့ချင်းညချင်း နာမည်ကြီးချင်၊ လူသိများချင်တဲ့သူတွေကတော့ မငြင်းဆိုပဲ လက်ခံတတ်ကြပေမယ့် တချို့ကျတော့လည်း မိမိတို့ရဲ့ မိန်းမသားဘ၀ကို တန်ဖိုးထားကြတာကြောင့် ချက်ချင်း ငြင်းပယ်တတ်ကြပြီး ကိုယ့်အစွမ်းအစနဲ့သာ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းတတ်ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးလောကမှာလည်း စပွန်ဆာပေးကြတဲ့သူတွေကို လက်ခံထားကြတဲ့သူတွေရှိကြသလို ငြင်းပယ်ကြတဲ့သူတွေရှိပါတယ်။ ငြင်းပယ်ကြတဲ့အထဲမှာ ပုံစံအမျိုးမျိုးနဲ့ ငြင်းတတ်ကြပြီး တချို့တွေကျတော့လည်း လူမှူကွန်ရက်တွေကနေတဆင့် ပရိသတ်တွေကို အသိပေးကာငြင်းဆန်ကြပါတယ်။

နာမည်ကျော် လူသိများတဲ့ Idol အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Dal Shabet ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Viki ဟာဆိုရင် Idol ဘ၀ကို စွန့်လွှတ်ပြီး လက်ရှိအချိန်မှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့သူမဟာ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ Screenshot ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

ထို Screenshot ပုံဟာ သူမဆီကို ပို့ထားတဲ့ Direct Message ပုံဖြစ်ပြီး အဲဒီပုံထဲမှာပါဝင်တဲ့စာကတော့ "မင်္ဂလာပါ။ မင်းကို ကြာကြာသုံးမယ့် စပွန်ဆာကိုလိုချင်ရင် ငါ့ကို ဆက်သွယ်ပါ" ဆိုပြီး ဖြစ်ပါတယ်။ အဆိုပါ Screenshot ပုံနဲ့အတူ "မလိုပါဘူး။ ကျွန်မက အဲဒီလို မိန်းကလေးလည်းမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုမျိုးတွေ လာမပို့ပါနဲ့။ ကျွန်မဘာသာ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်နိုင်ပါတယ်။ ကျွန်မကို သိရောသိလို့လား" ဆိုတဲ့ စာသားကို ရေးပြီင်္းတင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သူမရဲ့ သတိ္တရှိရှိနဲ့ ပွင့်ပွင့်လင်းလင်းဖြေရှင်းတဲ့ပုံစံကို သဘောကျနေကြပြီး ဝေဖန်ချင်တဲ့သူတွေကတောင်မှ သူမရဲ့ တုံ့ပြန်မှုကို လေးစားနေကြပါတယ်။ မိုမိုလေးရဲ့ ပရိသတ်ကြီးကရော Baek Daeun ရဲ့ တုံ့ပြန်ချက်ကို ဘယ်လိုများ ထင်မြင်မိပါသလဲ။

Ref : kstarlive
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။