အင်တာနဲ့ပွဲက ခက်ခဲလိမ့်မယ်ဆိုတဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီ

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက ယနေ့ညမှာ ကစားရမယ့် အင်တာမီလန် အသင်းနဲ့ပွဲစဉ်ဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ပြောကြားရင်း အသင်းသားတွေကို ဂရုတစိုက် ကစားကြဖို့ မှာကြားသွားခဲ့ပါတယ်။ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ဟာ မနက်ဖြန်နံနက် အစောပိုင်း ၂နာရီအချိန် ဂျူဗင်တပ် အသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစား သွားကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်းက ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အင်တာမီလန် အသင်းကတော့ အဆင့်၃နေရာမှာ ရပ်တည်နေကာ ဂျူဗင်တပ်အသင်းနဲ့ ၁၁မှတ်အထိ ကွာဟနေပါတယ်။

ဒါပေမယ့်လဲ အယ်လီဂရီက “အင်တာမီလန် အသင်းဟာ ခံစစ်ပိုင်း အတော်လေး ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းကလဲ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်တဲ့ ပုံစံမှာရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အသင်း အများကြီး သတိထားဖို့ လိုအပ်ပါတယ်။ အသင်းသားတွေ အနေနဲ့လဲ ပြီးခဲ့တဲ့ပွဲစဉ်တွေကထက် ၂ဆလောက် ကြိုးစားအားထုတ်နိုင်မှ ဒီပွဲစဉ်မှာ ကျွန်တော်တို့အသင်း ရလဒ်ကောင်းတစ်ခု ရယူနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။