ဂျူဗင်တပ် Vs အင်တာမီလန် ပွဲကြိုသုံးသပ်ချက်

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ

စီးရီးအေပြိုင်ပွဲရဲ့ ထိပ်သီးအသင်း ၂သင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းနဲ့ အင်တာမီလန် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင်ကစား သွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပက်သက်ပြီး မိုမိုလေးရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဂျူဗင်တပ်

ဂျူဗင်တပ်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက နာပိုလီအသင်းနဲ့ ၈မှတ်ထိကွာဟနေသလို ယခုကစားမယ့် တတိယနေရာက အင်တာမီလန် အသင်းနဲ့လဲ ၁၁မှတ်အထိ ကွာဟနေပါတယ်။ ဒါ့ကြောင့် သူတို့အသင်းအတွက် နိုင်ပွဲရရှိရေးက သိပ်ဖိအားမရှိဘဲ အေးအေးလူလူ ကစားနိုင်မှာပါ။

အင်တာမီလန်

အင်တာမီလန် အသင်းကတော့ ယခုနှစ်မှာ ခြေစွမ်းပိုင်း အတော်လေး တိုးတက်လာပြီး တိုက်စစ်ခံစစ် ကစားပုံလဲ အတော်လေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာတော့ ခြေစွမ်းပိုင်း ယိမ်းယိုင်သွားတတ်ပြီး ရုန်းကန်ခဲ့ရတဲ့ ပွဲတွေရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာလဲ အဝေးကွင်းမှာ ကစားရမှာဖြစ်သလို ရှုံးနိမ့်ခဲ့ရင် အမှတ်ကွာဟချက်က ပိုမိုကြီးများသွားမှာဖြစ်လို့ ဖိအားတွေတော့ ရှိနေပါတယ်။

သုံးသပ်ချက်

လက်ရှိအချိန်မှာ ဂျူဗင်တပ်အသင်းက အင်တာထက်စာရင် ကစားပုံပိုကောင်းနေပါတယ်။ ရော်နယ်ဒို၊ မန်ဇူကစ်တို့ရဲ့ တိုက်စစ်ပိုင်းက အိုင်ကာဒီ၊ ပါရီဆစ်တို့ရဲ့ တိုက်စစ်ပိုင်းထက် ဂိုးရဖို့ပိုမိုလွယ်ကူသလို ခံစစ်ပိုင်းမှာလဲ ဂျူဗင်တပ်အသင်းက ပိုမိုကျစ်လစ်မှု ရှိပါတယ်။ အင်တာမီလန်အသင်း ရှုံးနိမ့်လို့မရဘူးဆိုတဲ့ ဖိအားရှိနေလို့ ရုန်းကန်ကစားလာနိုင်ပေမယ့် ဂျူဗင်တပ်ကွင်းမှာ အနိုင်ရဖို့မလွယ်ပါဘူး။ ဂျူဗင်တပ်အသင်းပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။