ဘုမသိဘမသိဘဲ ညစ်ညမ်းကားတွေပြတဲ့ channel ကိုနှိပ်မိလို့ ဒေါ်လာ၂၀၀ပေးလိုက်ခဲ့တဲ့ Lee Seunggi

Posted on - Dec 6 []

Theingi Kyaw

စာရေးသူ

ဒီအကြောင်းအရာလေးကတော့ ကြာခဲ့ပါပြီ။ ရိုက်ကူးရေးအတွက် ခရီးထွက်နေတဲ့ Lee Seung Gi တစ်ယောက်ဟာဆိုရင်တော့ ဟော်တယ်ခန်းမှာ အနားယူနေတုန်း ဘုမသိ ဘမသိနဲ့ channel တွေပြောင်းရာမှာ အသက်(၁၉)နှစ်နဲ့အထက်ရှိသူတွေသာကြည့်ရမယ့်ညစ်ညမ်းဇာတ်ကားတွေကို ကြည့်မိသလိုဖြစ်သွားခဲ့ပြီး အဆိုပါ ချယ်နယ်ဖိုးအတွက် ငွေကုန်ကြေးကျခဲ့ပုံကို ယခုလိုပဲ ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ အပန်းဖြေစခန်းမှာ အနားယူနေတုန်း ကျွန်တော့်အခန်းမှာ ရီမုတ်တစ်ခုနဲ့ အဲယားကွန်းနဲ့ ကျန်တာတွေကော အကုန်ပါတယ်။" လို့အစပျိုးလိုက်ပါတယ်။ အခန်းထဲမှာ လုပ်စရာမရှိဘဲ ပျင်းနေတော့ သူ့အနေနဲ့ တီဗီကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တဲ့..။ "ကျွန်တော် TV ဖွင့်လိုက်တော့ သူ့မှာ အနီရောင် အတန်း နဲ့ အဖြူရောင်အတန်းဆိုပြီး ရွေးစရာ တီဗီလိုင်းတွေပေါ်လာကော..။" တဲ့။ သူကလည်း ၂ခါမစဉ်းစားပဲ အနီရောင်ကို နှိပ်လိုက်ပါတယ်တဲ့..။ ဖြစ်ချင်တော့ အဲ့ဒီအနီရောင် ချယ်နယ်တွေက ညစ်ညမ်းကားတွေပြတဲ့ ချယ်နယ်ဖြစ်နေကော..။

ဒီလိုမျိုး ရုပ်သံလိုင်းတွေ ကြည့်၊မကြည့်ဆိုတာ ကျွန်တော့်ကို မေးသင့်တယ်မဟုတ်လား...။ ကျွန်တော် ရဲ့ခွင့်ပြုချက်မမေးပဲ ဒီလို ရုပ်သံလိုင်းတွေကို ကြည့်ဖို့ ကျွန်တော့် ခွင့်ပြုချက်မတောင်းပဲလေ..။ "ဆိုပြီး သူ့ခမျာ ဒေါခွီးပါလေရော။ ဒီလိုနဲ့ သူ့မှာ လိုင်းတွေတစ်ခုပြီးတစ်ခုသာပြောင်းသွားတာနဲ့ ပြီးသွားရော.။ ဒါက နောက်ပိုင်းမှာတော့ သူ့ကို ပြဿနာအကြီးအကျယ်တက် ပါလေရော။

ဒီလိုနဲ့ ပြန်ဖို့အတွက် ငွေစာရင်းရှင်းကြတော့ စာရေးဆရာက အပန်းဖြေစခန်းရဲ့ ငွေရှင်းကောင်တာမှာ ငွေရှင်းဖို့အတွက် ပြေစာကို ကြည့်နေကော..။ lobby ကို ရောက်တော့ သူ့ကို တခြား ၀န်ထမ်းတွေက ထူးထူးဆန်းဆန်းဝိုင်းကြည့်နေတော့ Seunggi ခမျာ တစ်ခုခုမှားနေပြီဆိုတာသိလိုက်ပြီပေါ့..။

"စာရေးဆရာက ကျွန်တော့်ကိုခေါ်ပြီး မင်း လိုင်း ဘယ်နှခုတောင်ကြည့်လိုက်တာလဲ..။ လို့ခေါ်မေးပါလေရော..။" တဲ့..။ နောက်မှသိရတာက လိုင်းတစ်လိုင်းပြီးတစ်လိုင်းပြောင်းတာနဲ့ ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ အခကြေးငွေပေးရတာပါပဲ။ သူ့ခမျာမှာ မကြည့်ဘဲနဲ့ စုစုပေါင်း ဒေါ်လာ ၂၀၀ရှင်းလိုက်ရပါတယ်တဲ့။ တကယ့်ကို ငိုအားထက်ရီအားသန်ပါပဲဗျို့..။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။