မျက်စိအရှေ့မှာတင် အရွယ်ရောက်လာကြတဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Idol ဖြစ်ခဲ့ကြသူများ

Posted on - Dec 6 []

Zue

စာရေးသူ

ယခုလက်ရှိအောင်မြင်နေတဲ့ Idol တွေထဲမှာ အသက် ၂၀ ကျော်အရွယ်ကိုရောက်မှ ပွဲထွက်ခဲ့ကြသူတွေရှိသလို ဆယ်ကျော်သက်အရွယ်လောက်ကတည်းက ပွဲထွက်ခဲ့ကြသူတွေ ရှိကြပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက Idol အဖြစ်နဲ့ ပွဲထွက်ခဲ့ကြသူတွေဆိုရင် စတင်ပွဲထွက်စဉ်အချိန်တုန်းက ကလေးတစ်ယောက်ရဲ့ အသွင်အပြင်ပုံစံလေးတွေနဲ့ ဖြစ်ခဲ့ကြပေမယ့် ယခုအချိန်မှာတော့ တခြားသောသူတစ်ယောက်ရဲ့ အသွင်အပြင်လိုမျိုးတွေ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ကတော့ ထို Idol တွေဟာ မိမိတို့ရဲ့ မျက်စိအရှေ့မှာတင် အရွယ်ရောက်လာခဲ့ကြတယ်လို့ ထင်မှတ်ကြရပေမယ့်လည်း တခြားသောသူတွေပြောင်းလဲလာခဲ့ကြတဲ့ Idol တွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြရအောင်။

1. Jungkook (BTS) – September 1, 1997

BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သူ Jungkook ဟာဆိုရင် အသက် ၁၅ နှစ် အရွယ်နဲ့ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူဟာ အသက် ၂၁ အရွယ်ရောက်နေပြီဖြစ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ဖြစ်ပြီး Army လေးတွေရဲ့ အသည်းကျော်လေး ဖြစ်နေပါပြီ။

2. Tzuyu (TWICE) – June 14, 1999

အခုဆိုရင်တော့ အဲဒီ ဆယ်ကျော်သက်အရွယ်ကောင်မလေးက အသက် ၁၉ နှစ်ပြည့်ပြီးတဲ့ မိန်းမလှလေးအသွင်ကို ပြောင်းလဲလာခဲ့တာကို တွေ့ရမှာပါ

3. Dino (SEVENTEEN) – February 11, 1999

SEVENTEEN ရဲ့ Dino ကတော့ သူ့အသက် ၁၆ နှစ်အရွယ်မှာ idol အဖြစ်နဲ့ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာလည်းပဲ အခုဆိုရင် အသက် ၁၉ နှစ်ပြည့်ပြီးပါပြီနော်။

4. Chaeyoung (TWICE) – April 23, 1999

Twice ရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Chaeyoung ကလည်းပဲ Tzuyu လိုပဲ အသက် ၁၆ နှစ်အရွယ်မှာ Idol ဆိုတဲ့ လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့တဲ့သူ ဖြစ်ပါတယ်။

သူမကလည်း အခုဆိုရင် အသက် ၁၉ နှစ်ပြည့်ပြီးတဲ့ မိန်းမလှလေးတစ်ယောက် ဖြစ်နေပါပြီ။

5. Taemin (SHINee) – July 18, 1993

အသက်ငယ်ငယ်လေးနဲ့ Idol ဖြစ်ခဲ့ကြသူတွေထဲမှာ SHINee အဖွဲ့ဝင် Taemin တစ်ယောက်လည်း အပါအ၀င် ဖြစ်ပါတယ်။ Taemin ဟာ SHINee ရဲ့ အဖွဲ့ဝင်အဖြစ် စတင်ပွဲထွက်စဉ်တုန်းကဆိုရင် သူ့ရဲ့ အသက်ဟာ ၁၅ နှစ်ပြည့်ပြီးတာ တစ်လကျော်လေးသာရှိသေးတယ်လို့ သိရပါတယ်။

အသက် ၁၅ နှစ် အရွယ်နဲ့ စတင်ပွဲထွက်ခဲ့တဲ့ ချာတိတ်ကလေး Taemin ဟာ အခုဆိုရင်တော့ ချောမောခန့်ညားပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်နေပါပြီနော်။

6. Seohyun – June 28, 1991

ပွဲဦးထွက် သက်တမ်း ၁၁ နှစ်ရှိနေပြီဖြစ်တဲ့ Girls' Generation အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးဖြစ်သူ Seohyun ဟာ Girls' Generation အဖွဲ့နဲ့အတူတူ စတင်ပွဲထွက်စဉ်တုန်းက အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ သူမဟာ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ လူလတ်ပိုင်းအမျိုးသမီးအဖြစ်ကို စတင်ရောက်ရှိနေပြီဖြစ်ပြီး Idol တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီ ဖြစ်ပါတယ်။

7. Zelo (B.A.P) – October 15, 1996

B.A.P အဖွဲ့ရဲ့ Rapper တစ်ဦးဖြစ်သူ Zelo ကတော့ သူ့အသက် ၁၅ နှစ် အရွယ်မှာ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှတော့ အသက် ၂၂ အရွယ်ကို ရောက်ရှိနေပြီး သူ့ရဲ့ပုံစံဟာ ရင့်ကျက်တဲ့အသွင်ကိုတောင် ဆောင်နေပြီ ဖြစ်ပါတယ်။

8. BoA – November 5, 1986

Kpop ကို အနောက်နိုင်ငံတွေမှာ စတင်ထိုးဖောက်ပေးခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ BoA ကတော့ Kpop လောက အသက်အငယ်ဆုံးနဲ့ ပွဲဦးထွက်ခဲ့တဲ့ ပထမဆုံးသော Idol ဖြစ်ပြီး သူမ စတင်ပွဲဦးထွက်ခဲ့တဲ့အချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၃ နှစ် အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ် အရွယ်ကတည်းက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ တစ်ကိုယ်တည်းလျှောက်လှမ်းခဲ့တဲ့သူမဟာ ဒီနှစ်ထဲမှာ အသက် ၃၂ နှစ် ပြည့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

9. Changmin (TVXQ!) – February 18, 1988

TVXQ ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်သူ Changmin ဟာ TVXQ အဖွဲ့နဲ့ စတင်ပွဲဦးထွက်စဉ်တုန်းက အသက် ၁၅ နှစ် အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူဟာ စစ်မှုထမ်းဆောင်ပြီးတဲ့ အသက် ၃၀ အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်နေပါပြီ။

10. Minzy (former 2NE1 member) – January 18, 1994

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Minzy ကတော့ သူမ အသက် ၁၅ နှစ် အရွယ်မှာ စတင်ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Minzy ဟာ တစ်ကိုယ်တော်အဖြစ်နဲ့ ရပ်တည်နေတဲ့ အသက် ၂၄ နှစ် အရွယ် အမျိုးသမီးအဆိုတော်တစ်ယောက် ဖြစ်နေပါပြီ။

11. Sanha (ASTRO) – March 21, 2000

ASTRO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sanha ကတော့ သူ့အသက် ၁၆ နှစ်အရွယ်မှာ ASTRO အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။

12. Ahn Sohee (former Wonder Girls member) – June 27, 1992

Wonder Girls အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Sohee ကတော့ အသက် ၁၄ နှစ် အရွယ်နဲ့ စတင်ပွဲထွက်ခဲ့တဲ့သူဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ Sohee ကတော့ Wonder Girls က ထွက်ခွာပြီးတဲ့နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေတာကို တွေ့ရမှာပါ။

13. Seungri (BIGBANG) – December 12, 1990

Bigbang ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ တရားဝင်စတင်မိတ်ဆက်စဉ်အချိန်တုန်းက Seungri ရဲ့ အသက်ဟာ ၁၅ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ သူဟာ Bigbang ရဲ့ အဖွဲ့ဝင်အနေနဲ့ရော၊ တစ်ကိုယ်တော်အဆိုတော်အနေနဲ့ပါ လှုပ်ရှားလျှက်ရှိနေပြီး စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတဲ့ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ယောက် ဖြစ်နေပါပြီ။

14. Krystal [f(x)] – October 24, 1994

f(x) ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Krystal ကတော့ အသက် ၁၅ နှစ်ပြည့်ပြီး သိပ်မကြာခင်မှာပဲ f(x) ရဲ့ အဖွဲ့အနေနဲ့ စတင်ပွဲထွက်ခဲ့တဲ့သူ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူမဟာ ဆွဲဆောင်မှု ညို့အားပြင်းတဲ့ အသက် ၂၄ နှစ် အရွယ် မိန်းမပျိုတစ်ဦးအရွယ်ရောက်နေတာကို တွေ့ရမှာပါ။

15. IU – May 16, 1993

IU ကတော့ သူမရဲ့ ပထမဆုံး တေးအယ်လ်ဘမ်ကို စတင်ထုတ်လုပ်ချိန်တုန်းက အသက် ၁၅ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ သူမဟာ အနုပညာသက်တမ်း ၁၀ နှစ်ပတ်ဝန်းကျင်ရှိနေပြီ ဖြစ်တဲ့ အသက် ၂၅ နှစ် အရွယ်အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။

Ref : Koreaboo
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။