သင်သိပါသလား?!? ဒီအဖွဲ့တွေမှာ ဘယ်သူအချောဆုံးလဲဆိုတာ ရွေးချယ်ရခက်နေတယ်ဆိုတာ

Posted on - Dec 6 []

Theingi Kyaw

စာရေးသူ

အမှန်အတိုင်ပြောရရင်တော့ လူတစ်ယောက်ဆီမှာအကြိုက်တစ်မျိုးစီရှိတဲ့အတွက် ဘယ်သူဟာဆိုရင်ဖြင့်တော့ အဖွဲ့ထဲမှာ အချောဆုံးလဲဆိုတာမျိုးက ရွေးချယ်ရခက်နေတတ်ပါတယ်။ BTS, EXO, နဲ့ NCT အဖွဲ့တွေမှာဆိုရင်တော့ ဘယ်သူဟာအချောဆုံးလဲဆိုတာ ရွေးချယ်ရခက်သလို အပြိုင်အဆိုင်လည်းဖြစ်နေတတ်ပါတယ်။ တစ်ဖွဲ့ထဲမှာ ရုပ်ချောတဲ့သူတွေစုနေတဲ့အလျောက်ချောပေ့လှပေ့ဆိုတာကိုရွေးချယ်ဖို့က အမှန်တကယ်ကို ခက်ခဲပါတယ်။

BTS

BTS မှာဆိုရင်တော့ အချောဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ပတ်သတ်လာရင်ရွေးချယ်ရခက်တာတွေရှိပါတယ်။ ဒါပေမယ့်လည်း လူတော်တော်တော်များများက အချောဆုံးဆိုတာကို စီစစ်လိုက်တဲ့အခါမှာတော့ ၂ယောက်ဟာ အပြိုင်အဆိုင် မတိမ်းမယိမ်းထွက်ပေါ်လာခဲ့ပါတယ်။

အချောဆုံးအနေနဲ့ သတ်မှတ်တဲ့အခါမှာ ပထမတစ်ယောက်ကတော့ V ပါ။ သူ့ရဲ့သဘာဝဆန်ဆန်ဖြစ်တဲ့ ခပ်မြင့်မြင့်နှာတံဟာဆိုရင် မျက်နှာခွဲစိတ်ပြုပြင်ဆရာဝန်တွေတောင်ချီးကျူးရပါတယ်။ V ကတော့ သတ်မှတ်ချက်တွေနဲ့ပြီးပြည့်စုံတဲ့မျက်နှာပေါက်ကို ပိုင်ဆိုင်ထားတဲ့ လူဖြစ်ကြောင်းလည်း ပရိတ်သတ်တွေဟာ သဘောတူကြပါတယ်။

V ကိုတော်တော်များများက ကာတွန်းအန်နီမေးရှင်းဇာတ်ကားတွေထဲက ဇာတ်ကောင်တွေနဲ့တူတယ်လို့လည်း ပြောကြပါတယ်။

နောက်တစ်ယောက်ကတော့ Jin ပါပဲ။ ကျယ်ပြန့်တဲ့ ပုခုံးနဲ့ ပြီးပြည့်စုံလောက်အောင်ကြည့်ကောင်းတဲ့ ရုပ်ရည်တွေပိုင်ရှင်ဖြစ်သူ Jin ဟာဆိုရင် “Worldwide Handsome” ဆိုတဲ့ သူ့ရဲ့နာမည်နဲ့တကယ်ကိုပဲ ထိုက်တန်လှပါတယ်။

Jin ရဲ့ရုပ်ရည်ကတော့ တကယ်ကို အပြစ်ပြောစရာမရှိလောက်အောင်ကိုပါပဲနော်။.

EXO

လူတော်တော်များများဟာလည်း ဘယ် EXO အဖွဲ့ဝင် ကအချောဆုံးလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝေခွဲမရတွေဖြစ်နေပါတယ်။ EXO အဖွဲ့ထဲမှာ အချောဆုံးဆိုတာကတော့ တကယ်ကို ရွေးချယ်ရခက်စေပါတယ်။

တစ်ချို့ကတော့ EXO ထဲမှာအချောဆုံးက ခေါင်းဆောင်ဖြစ်သူ Suho လို့ ပြောကြပါတယ်။ အိမ်ဘေးက ခပ်ချောချောအကိုကြီးအသွင်ဆန်တဲ့ Suho ရဲ့ပုံရိပ်တွေဟာ သင့်ကို ရင်ခုန်အောင်ပြုစားစေမှာပါ။

Suho ဟာ သဘောကောင်းတဲ့အကိုကြီးပုံလည်းပေါက်သလို ခပ်ဆိုးဆိုး အကိုကြီးအသွင်လည်းဖမ်းတတ်သေးတယ်နော်။

နားရွက်ကားကားနဲ့ Chanyeol ဟာဆိုရင် ယောကျာ်းပီသခြင်းရော ချစ်ဖို့ကောင်းခြင်းပါ စွယ်စုံရတဲ့အမျိုးကောင်းသားလေးပါပဲ။ ဒီလိုပုံစံတွေကပဲ Chanyeol ကို အချောတွေပြည့်နှက်နေတဲ့ လူတွေကြားထဲကနေ ခွဲထွက်နေတာပေါ့။

EXO ရဲ့အချောဆုံးစာရင်းထဲမှာ အငယ်ဆုံးလေးကို မထည့်ရင် ဘယ်ပြည့်စုံပါ့မလဲ။ Sehun ဟာဆိုရင် မော်ဒယ်တစ်ယောက်လိုမျိုး ပဲပြီးပြည့်စုံပါတယ်။

NCT

အမှန်အကန်ုကို အချောအလှလေး ၁၈ယောက်နဲ့ ဖွဲ့စည်းထားတဲ့ NCT မှာတော့ အချောဆုံးရွေးဖို့အခက်ဆုံးပါပဲ။ ၁၈ယောက်စလုံးဟာ ရက်ရက်စက်စက်က၈ို လှကြပြီး တော်တော်ကြာအောင်ကိုပဲ စီစစ်ရွေးချယ်လိုက်တဲ့အခါမှာတော့ အချောဆုံးအဖွဲ့ဝင် ၂ယောက်ထွက်လာပါတယ်။

ပထမတစ်ယောက်ကတော့ Taeyong ပါပဲ။ သာမန်ထက်ကို လှတဲ့ ရုပ်ရည်ဖြစ်နေတာကြောင့် သူ့ကိုတော့ လူတော်တော်များများက ပြစ်ချက်မရှိအောင် ချောကြပါတယ်လို့ ထောက်ခံကြပါတယ်။

NCT ရဲ့အချောဆုံးအနေနဲ့ အငြင်းအခုန်ဖြစ်နေရတဲ့ နောက်တစ်ယောက်ကတော့ Jaehyun ပါပဲ။ ယောကျာ်းပီသလွန်းတဲ့သူဟာဆိုရင် အပြုံးလေးကတော့ လူသတ်လက်နက်လေးပါပဲ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။