မုန်းစွဲရုပ်​ရှင်​ဇာတ်​ကားကြီးမှာ မပါဝင်​ခဲ့တဲ့ ဇာတ်​ဝင်​ခန်းနှစ်​ခန်း

Posted on - Dec 7 []

Rowena

စာရေးသူ

ဆရာ​တော်​ အရှင်​ဆန္ဒာဓိကရဲ့ ဖြစ်​ရပ်​မှန်​တရား​တော်​တစ်​ပုဒ်​ကို အ​ခြေခံပြီး ရိုက်​ကူးခဲ့တဲ့ "မုန်းစွဲ" ရုပ်​ရှင်​ဇာတ်​ကားကြီးဟယ ပရိသတ်​​တွေရဲ့ ​တောင်းဆိုမှု​ကြောင့်​ ​လေးပတ်​တိုင်​တိုင်​ ရုံတင်​ပြသ​နေရပါတယ်​။ မြတ်​စွာဘုရား​ဟောကြား​တော်​မူခဲ့တဲ့ အဆုံးအမများစွာ ပါဝင်​ပြီး သံသရာတစ်​​လျှောက်​နစ်​မွန်းခံစား​နေရမယ့်​ အစွဲအလမ်း အတ္တ​တွေကို ​ဖျောက်​ဖျက်နိုင်​ဖို့ ပညာအသိ​ပေးထားတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးတစ်​ကားဖြစ်​ပါတယ်​​။ ဘာသာ​ရေး၊ ယဉ်​​ကျေးမှု နဲ့ ​ခေတ်​တစ်​​ခေတ်​ရဲ့ အဖြစ်​အပျက်​အ​ခြေအ​နေ​တွေကို ​ကောင်းစွာထင်​ဟပ်​ပြနိုင်​တဲ့ ဇာတ်​ကားကြီးဆိုလဲ မှားမယ်​မထင်​ပါဘူး။

ဒီရုပ်​ရှင်​ဇာတ်​ကားကြီးကို ဒါရိုက်​တာ သြရသ ကခံစားရိုက်​ကူးထားပြီး အကယ်​ဒမီ ​နေတိုး၊ ​မင်း​သွေး၊ ​ကျော်​​ကျော်​ဗို၊ အကယ်​ဒမီ ​ဖွေး​ဖွေး နဲ့ ​အေးဝတ်​ရည်​​သောင်းတို့က အ​ကောင်းဆုံး ပါဝင်​သရုပ်​​ဆောင်​ထားကြပါတယ်​။ ဒါ့အပြင်​ တခြား​သော အဖွဲ့သား​တွေကလဲ တက်​ညီလက်​ညီ ကြိုးစားအားထုတ်​ထားတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးတစ်​ကားဖြစ်​ပါတယ်​။

ဇာတ်​ကားတစ်​ကား အ​ကောင်းဆုံးဖြစ်​ဖို့ဆိုတာ ဒါရိုက်​တာ၊ သရုပ်​​ဆောင်​​တွေသာမက စက်​အဖွဲ့သားအားလုံးရဲ့ ကြိုးစားအားထုတ်​မှုအ​ပေါ် အများကြီးသက်​​ရောက်​ပါတယ်​။ "မုန်းစွဲ" ရုပ်​ရှင်​ဇာန်​ကားကြီးဟာ ဘာသာ​ရေးဇာတ်​လမ်းဖြစ်​​ပေမယ့်​ အချစ်​၊ အမုန်း၊ အစွဲအလန်း နဲ့ အာဃာတတရား​တွေ​ကို သိမ်​​မွေ့စွာ တင်​ပြနိုင်​ခဲ့ပါတယ်​။ ပစ္စုန်​ပ္ပန်​ နဲ့ အတိတ်​ကိုလဲ လှလှပပ​လေး ချိတ်​ဆက်​ပြနိုင်​တာကို ကြည့်​ပြီးသူ​တွေက​တော့ သိပြီးသား​နေမှာပါ။

မုန်းစွဲဇာတ်​ကားကြီးဟာ စတင်​ရုံတင်​ပြသကတည်းက အကြီးအကျယ်​​အောင်​မြင်​မှုရရှိခဲ့ပြီး ပရိသတ်​​တွေကလဲ ရုံပြည့်​ရုံလျှံတဲ့အထိ အား​ပေးကြပါတယ်​။ အဲ့ဒါ​ကြောင့်​လဲ "မုန်းစွဲ" ဇာတ်​ကားကြီးဟာ ပရိသတ်​​တွေရဲ့ ​တောင်းဆိုမှု​ကြောင့်​ အခုဆိုရင်​ စတုတ္ထအပတ်​တိုင်​​အောင်​ ရုံတင်​ပြသခွင့်​ရခဲ့ပါတယ်​။ ပရိသတ်​​တွေအတွက်​ "မုန်းစွဲ" ဇာတ်​ကားကြီးမှာ မပါဝင်​ခဲ့တဲ့ ဇာတ်​ဝင်​ခန်းနှစ်​ခန်းကို တင်​ပြ​ပေးလိုက်​ပါတယ်​။

မုန်းစွဲရုပ်​ရှင်​ဇာတ်​ကားကြီးမှာ မပါဝင်​ခဲ့တဲ့ ဇာတ်​ဝင်​ခန်းနှစ်​ခန်း

"မုန်းစွဲ" ရုပ်​ရှင်​ဇာတ်​ကားကြီးဟာ ယခုအပတ်​မှာလဲ ရုံတင်​ပြသ​နေဆဲမို့လို့ မကြည့်​ရ​သေးတဲ့ ပရိသတ်​​တွေအ​နေနဲ့ ​နောင်​တမရမိ​လေ​အောင်​ သွား​ရောက်​ကြည့်​ရှုဖို့ တိုက်​တွန်းလိုက်​ပါတယ်​​နော်​။ ဒီပိုစ့်​​လေးကို သ​ဘောကျနှစ်​ခြိုက်​မယ်​လို့​လဲ ​မျှော်​လင့်​ပါတယ်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Saw
Source: မုန်းစွဲ ရုပ်​ရှင်​ဇာတ်​ကား page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။