ပရိသတ်တွေအတွက် တစ်သက်မေ့လို့မရတဲ့ အမှတ်တရတွေ ဖန်တီးပေးခဲ့ကြတဲ့ Idol များ

Posted on - Dec 7 []

Zue

စာရေးသူ

ပရိသတ်တစ်ယောက်အနေနဲ့ idol တွေကို အပြင်လက်တွေ့ဘ၀မှာ တွေ့ဆုံခွင့်ရရှိဖို့ဆိုတာဟာ များစွာသော အိပ်မက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံခွင့်ရရာကနေ Idol ရဲ့ ဂရုစိုက်ခြင်းကို ရရှိခဲ့ရရင်တော့ ထိုပရိသတ်ဟာ တကယ်ကို ကံကောင်းတဲ့သူတစ်ဦးပေါ့။ ဒါ့အပြင် တွေ့ဆုံခွင့်ရရှိရာကနေ အနမ်းပေးတာကိုပါ ရရှိခဲ့မယ်ဆိုရင်တော့ ကံအကောင်းဆုံးသော ပရိသတ်ရယ်လို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ပရိသတ်တွေကို ဘယ်လိုမှ မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက်အနမ်းပေးခဲ့ပြီး ထိုပရိသတ်တွေအတွက် လုံးဝမေ့လို့မရနိုင်တဲ့အမှတ်တရလေးတွေ ဖန်တီးပေးခဲ့ကြတဲ့ Idol တွေ ဖြစ်ပါတယ်။ ဆက်လက်ရှူစားကြည့်လိုက်ကြပါဦး။

1. Seungri

ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ပြီး ပျော်ပျော်နေတတ်တဲ့ Seungri ဟာ သူ့ရဲ့ မိန်းကလေးပရိသတ်တစ်ဦးကို မက္ကာအိုမြို့မှာ ပြုလုပ်တဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ရုတ်တရက်အနမ်းခြွေခဲ့တာ ဖြစ်ပါတယ်။

ဘေးနားမှာ ထိုင်နေတဲ့ ပရိသတ်ကို ရုတ်တရက်ကြီး အနမ်းခြွေခဲ့တဲ့ Seungri

2. Sandara Park

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Sandara Park ကတော့ စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်နေတုန်း ယောကျာ်းလေးပရိသတ်တစ်ယောက်ကို စင်ပေါ်ကို ဖိတ်ခေါ်ပြီး သူ့အရှေ့မှာ သီချင်းဆိုပြခဲ့ယုံသာမက ပါးပြင်အထက်ကိုပါ အနမ်းခြွေပေးခဲ့ပါတယ်။

သီချင်းဆိုပြတာကို အနီးကပ်ကြည့်ခဲ့ရယုံသာမက အနမ်းတောင်ပေးခံခဲ့ရတယ်ဆိုတော့ တကယ်ကို ကံကောင်းတဲ့ပရိသတ်ပါပဲ။

3. Taeyang

ပရိသတ်တွေကို Service ပေးတဲ့နေရာမှာ ဘုရင်ဖြစ်တဲ့ Taeyang ကလည်း သူ့ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ "I Need A Girl" ကို ဖျော်ဖြေနေတဲ့အချိန်မှာ ပရိသတ်တစ်ယောက်ကို စင်ပေါ်ကိုဖိတ်ခေါ်ပြီး တခြားသောပရိသတ်တွေ အများကြီးရဲ့ အရှေ့မှာ ရုတ်တရက်ကြီး အနမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ပေါင်ပေါ်လှဲအိပ်လိုက်၊ နမ်းလိုက်နဲ့ ဟုတ်နေတာပဲ။

4. Ga In

Brown Eyed Girl ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Ga In ကတော့ ပရိသတ်တစ်ယောက်ကို ရိုက်တော့မလိုလိုနဲ့ ကျီစယ်ပြီးမှ အံ့အားသင့်အောင် ရုတ်တရက် အနမ်းပေးခဲ့တာ ဖြစ်ပါတယ်။

မသိရင် တကယ်ကြီးရိုက်တော့မလိုလိုနဲ့...။

5. Wooyoung

2PM ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wooyoung ကတော့ 2PM ရဲ့ Fan Meeting တစ်ခုမှာ ပရိသတ်တစ်ယောက်ကို စင်ပေါ်ကိုဖိတ်ခေါ်ခဲ့ပြီး နဖူးကို နူးနူးညံ့ညံ့လေးခြွေခဲ့တာ ဖြစ်ပါတယ်။

နူးနူးညံ့ညံ့လေး အနမ်းခြွေခဲ့တဲ့ Wooyoung

ပရိသတ်ကြီးတို့ရော.....ပရိသတ်ကြီးတို့ နှစ်သက်အားပေးတဲ့ idol ဆီက အနမ်းတစ်ပွင့်လောက်များ ရရှိခဲ့မယ်ဆိုရင်....။

Ref : allkpop
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။