ဒိုင်ယာရီရေုးခြင်းကို အလေ့အကျင့်တစ်ရပ်အဖြစ် တသီးတသန့်မွေးမြူထားတဲ့ ကိုရီးယားအနုပညာရှင်များ

Posted on - Dec 6 []

Theingi Kyaw

စာရေးသူ

ကျွန်တော်တို့ရုပ်ရှင်တွေကြည့်ပြီးရလာတာတစ်ခုကတော့ ကမ္ဘာတစ်ခုစီကို ကျွန်တော်တို့ရဲ့လျို့ဝှက်ချက်တွေရောက်အောင်သယ်ဆောင်သွားပေးနိုင်တာကတော့ ဒိုင်ယာရီရေးခြင်းပါပဲ။ ရုပ်ရှင်တွေကြည့်ရင် ဒီလိုမျိုးလေးတွေးမိပေမယ့် ဒိုင်ယာရီရေးသားခြင်းကို ပြုလုပ်တဲ့ သူတွေကတော့ အတော်ကို နည်းပါးပါတယ်။ ပြောရမယ့်ဆိုရင်တော့ ဒိုင်ယာရီဟာလည်း ကျွန်တော်တို့ဦးနှောက်ကို အလုပ်ပေးပြီး တွေးစေခိုင်းခြင်းတစ်မျိုးပါပဲ။ ပြောရမယ်ဆိုရင်တော့ Brainstorm လုပ်တာပေါ့။ ကိုယ့်အကြောင်းကိုယ်ရှာဖွေကြမယ်, ပြီးတော့ ကျွန်တော်တို့ဘ၀အတွက် လမ်းကြောင်းတွေ ချမှတ်နိုင်တာမျိုးပေါ့။

နောက်ပြီးတော့ ဒိုင်ယာရီရေးတယ်လို့ ၀န်ခံခဲ့ဖူးတဲ့ ကိုရီးယားအနုပညာရှင် အနည်းငယ်ရှိပါတယ်။ ဥပမာဆိုရင်တော့ IUပေါ့။ သူမကတော့ အလယ်တန်းကျောင်းသူဘ၀ကတည်းက ဒိုင်ယာရီရေးခြင်းကို စတင်ခဲ့ပါတယ်တဲ့။ ပြီးတော့ သူမက ဒိုင်ယာရီကိုနေ့တိုင်းမရေးပေမယ့်လို့ တစ်ခုခုထူးထူးခြားခြားဖြစ်ခဲ့တဲ့အချိန်မျိုး၊ ခက်ခဲတဲ့အချိန်တွေကြုံရတဲ့အချိန်မျိုးမှာတော့ ရေးတတ်ပါတယ်တဲ့။

"ကျွန်မ ဒိုင်ယာရီကို အလယ်တန်းဒုတိယနှစ်လောက်ကတည်းက စပြီးရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ နေ့တိုင်းမရေးအားတော့ပါဘူး။ ဒါကတော့ ကျွန်မ ကြိုဆိုတဲ့ ပြောင်းလဲမှုတစ်ခုပေါ့နော်။ ဘာဖြစ်လို့ ဒိုင်ယာရီကို စစရေးခဲ့သလဲဆိုရင်တော့ ကျွန်မမှာ စိုးရိမ်ရတဲ့အခြေအနေတွေရှိလို့ပါပဲ။ ဒီလိုမျိုးအချိန်တွေကိုလည်း ငါကျော်ဖြတ်ခဲ့ရပါလားဆိုတဲ့ သက်သေတစ်ခုထားခဲ့ချင်လို့ပေါ့။"

"ကျန်ခဲ့တဲ့နှစ်တွေက စလို့ ကျွန်မ ဒိုင်ယာရီကို ရေးတာ လျှော့ခဲ့ပါတယ်။ ဒါကလည်း ကောင်းသောပြောင်းလဲခြင်းတစ်ခုလို့ငါထင်တယ်။ ကျွန်မ ဒိုင်ယာရီထဲမှာ ထည့်မရေးရင်တောင် ကျွန်မ သက်တောင့်သက်သာရှိတယ်။ ကျွန်မ ဘ၀မှာ ထူးထူးခြားခြားဖြစ်ခဲ့တာတို့ ခက်ခဲတဲ့အချိန်တွေကြုံခဲ့မှသာ ဒိုင်ယာရီရေးခဲ့တယ်။ " လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒိုင်ယာရီရေးတာ IU တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ Park Bo Gum တစ်ယောက်လည်း ညတိုင်း ဒိုင်ယာရီရေးတယ်လို့သိရပါတယ်။ နေ့တိုင်းဖြစ်ခဲ့တဲ့အရာတွေကို ရေးခဲ့ရုံတင်မကဘူး အမှားတွေလုပ်ခဲ့မိလို့ရှိရင်လည်း အဲ့ဒီအမှားတွေကနေ သင်ယူနိုင်အောင်လို့ ဒိုင်ယာရီထဲမှာထည့်သွင်းရေးသားလေ့ရှိပါတယ်တဲ့။

"ကျွန်တော် လုပ်ခဲ့တဲ့အရာတွေကိုလည်း ဒိုင်ယာရီရေးလေ့ရှိတယ်။ ပြီးတော့ အဲ့ဒီနေ့မှာ လုပ်မိခဲ့တဲ့အမှားတွေအတွက်လည်း ကျွန်တော်ချရေးလေ့ရှိတယ်။ အမှားသေးသေးလေးတွေက မေ့လွယ်ပျောက်လွယ်ပြီး ထပ်ခါထပ်ခါမှားတတ်ကြောင်းကို ကျွန်တော်နားလည်လာတယ်။ အမှားတစ်ခုတည်းကိုပဲထပ်ခါထပ်ခါမလုပ်မိစေဖို့ ကျွန်တော့် ဒိုင်ယာရီထဲထည့်ရေးပြီး မကြာမကြာ ထုတ်ဖတ်လေ့ရှိတယ်။"

Kim Woo Bin ကလည်း သူ့အတွေးတွေကို ဒိုင်ယာရီထဲမှာ ချရေးလေ့ရှိပါတယ်။ အနုပညာလောကထဲမှာ စတင်ပြီးအလုပ်လုပ်တဲ့အချိန်မှစတင်လို့ သူက ကျေးဇူးတင်ကြောင်း ဒိုင်ယာရီရေးခဲ့ပါတယ်။ ဒါက သူ့ကို နှိမ့်နှိမ့်ချချနေတတ်စေပြီး သူ့ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့အလုပ်သေးသေးလေးတွေက အစ လမ်းကြောင်းပေးပြီးမှတ်မိနေစေသလိုခံစားရပါတယ်။ တဲ့.

"ကျွန်တော်က အောင်မြင်ကျော်ကြားမှုရဲ့အသုံးတော်ခံမဖြစ်ချင်ဘူး။ ဒါကြောင့်ကျွန်တော်က ကျေးဇူးတင်ကြောင်းအမြဲရေးတယ်။ ကျွန်တော်အချိန်ရပြီဆိုတာနဲ့ ဖုန်းထဲမှာ ဒါမှမဟုတ် ဘောင်ချာတွေထဲမှာ မှတ်ထားလေ့ရှိတယ်။ ဒီနေ့ အိပ်ရာထဲကို စောစောဝင်လို့ကျေးဇူးတင်တယ်ဆိုတာမျိုး ဒီနေ့ အလုပ်ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်တယ် ဆိုတာမျိုး ကို အမြဲရေးလေ့ရှိတယ်။ " လို့ပြောခဲ့ပါတယ်။

နောက်ထပ် ဒိုင်ယာရီရေးတဲ့အနုပညာရှင်တွေ လည်း အများကြီးကျန်ရှိလို့နေပါသေးတယ်။ ပရိတ်သတ်ကြီးထဲမှာကော ဒိုင်ယာရီရေးကျင့်တဲ့သူတွေရှိကြလားဗျို့။

GI GI(momolay)
Source : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။