သူမနဲ့ တူတဲ့ ကလေးပဲလိုချင်တယ်ဆိုတဲ့ ဂူဟေဆန်း

Posted on - Dec 6 []

Theingi Kyaw

စာရေးသူ

မြန်မာပရိတ်သတ်တွေရဲ့အသည်းစွဲဇာတ်လမ်းတွဲဖြစ်တဲ့ F4 မင်းသမီးချောလေးဟာ ယခုအချိန်မှာတော့ အိမ်ထောင်ရက်သားကျပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ လင်စုံမယားဖက်ဘ၀လေးကို ပိုင်ဆိုင်နေပြီဆိုတာကိုအားလုံပဲသိကြမှာပါ။ အမျိုးသားဖြစ်သူကလည်း နာမည်ကြီး ကိုရီးယားမင်းသားဖြစ်သူ Ahn Jae Hyun ဆိုတော့ တကယ့်ကိုမှ အားကျစရာကောင်းတဲ့ လင်မယားစုံတွဲ ပါပဲ။

လက်ထပ်ထားတဲ့သူတို့ရဲ့ဇနီးမောင်နှံမှာ ကလေးတော့မရှိသေးပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးကလေးကို သူမနဲ့ပဲ တူစေချင်သလား ဒါမှမဟုတ် Ahn Jae Hyun နဲ့ပဲ တူစေချင်သလားဆိုတဲ့မေးခွန်းရဲ့အဖြေကို ယခုလိုပဲဖြေကြားခဲ့ပါတယ်။

MBC's 'Talk Nomad' အစီအစဉ်ကိုရိုက်ကူးနေစဉ်မှာ သူမကို ကလေးရှိတယ်ဆိုရင် ကလေးကို ဘယ်သူနဲ့ တူစေချင်သလဲလို့မေးခဲ့ပါတယ်။ သူမကလည်း မဆိုင်းမတွပဲ သူမနဲ့ပဲ ၁၀၀ရာခိုင်နှုန်း တူစေချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

လူတိုင်းက သူမရဲ့အဖြေနဲ့ပတ်သတ်ပြီး အနည်းနဲ့အများဆိုသလိုအံ့သြသွားတော့ သူမကလည်း ယခုလိုပဲပြောခဲ့ပါသေးတယ်။ "ကျွန်မရဲ့ အမျိုးသားမှာ ကောငင်းမွန်တဲ့ အကျင့်စရိုက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုတော့ ကျွန်မနဲ့ပဲ တူစေချင်ပါတယ်။ " လို ထပ်လောင်းပြောကြားခဲ့ပါတယ်။

သားသားလေးဖြစ်ဖြစ်၊ မီးမီ်းလေးဖြစ်ဖြစ် အရမ်းကိုချစ်ဖို့ကောင်းပြီး ဘယ်လောက်တောင်ထက်မြက်လိုက်မလဲဆိုတာကို မြင်ချင်လှပါပြီဗျို့။ မိုမိုလေးပရိတ်သတ်တွေထဲမှာကော သူတို့ဇနီးမောင်နှံရဲကလေးလေးတွေကို မြင်ချင်နေကြပြီလား။

GI GI(momolay)
Source : Allkpop

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။