သင် လုံးဝမထင်မှတ်ထားလောက်တဲ့ အသက်အရွယ်ကို ရောက်နေပြီဖြစ်ကြတဲ့ Idol များ

Posted on - Dec 6 []

Zue

စာရေးသူ

လူတစ်ယောက်ကို အပြင်ပန်းကြည့်လိုက်ယုံနဲ့ သူ့ရဲ့ အသက်အရွယ်ကို အလွယ်တကူ ခန့်မှန်းမိနိုင်သလို တစ်ခါတစ်လေကျတော့လည်း ခန့်မှန်းနိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။ မိမိက အသက်ငယ်တယ်လို့ ထင်ထားပေမယ့် တကယ်တမ်းမှာ သူတို့က မိမိထင်ထားတာထက်အသက်ကြီးနေတတ်တာမျိုး၊ အသက်ကြီးတယ်လို့ ထင်ထားပေမယ့်လည်း တကယ့်လက်တွေ့မှာ အသက်ငယ်နေတတ်တာမျိုးတာညာတွေကို မြင်ဖူး၊ ကြုံဖူး၊ ကြားဖူးကြမှာပါ။ အခုဖောာ်ပြပေးမယ့် Idol တွေကတော့ ပရိသတ်တွေ မထင်မှတ်ထားလောက်တဲ့ အသက်အရွယ်တွေကို ရောက်နေကြပြီဖြစ်တဲ့သူတွေ ဖြစ်ပါတယ်။ ဘယ်သူတွေရဲ့ အသက်ကများ သင်ထင်ထားသလိုမဟုတ်ကြဘူးလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြရအောင်။

1. Girl's Day Sojin

အသက် ၂၀ ကျော်အရွယ် မိန်းကလေးတစ်ဦးလို့ပဲ ထင်မှတ်ရလောက်တဲ့ Sojin ဟာ တကယ်တမ်းမှာတော့ သူမရဲ့အသက်ဟာ ၃၂ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

2. EXO's Xiumin

အဖွဲ့ထဲမှာ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးရယ်လို့ အများကထင်မှတ်ထားကြတဲ့ Xiumin ဟာ တကယ်တမ်းမှာတော့ အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အသက်ကတော့ ၂၈ နှစ်ရှိနေပြီလို့ သိရပါတယ်။

3. Sandara Park

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Sandara Park ရဲ့ နုပျိုငယ်ရွယ်မှုကတော့ Vampire တစ်ကောင်အလားကပါပဲ။ အသက် ၂၀ ပတ်ဝန်းကျင်မိန်းကလေးတစ်ဦးလို့ ထင်မှတ်ရလောက်အောင် ငယ်ရွယ်နုပျိုလှတဲ့ Sandara Park ဟာ ဒီနှစ် နိုဝင်ဘာလထဲမှာဆိုရင် အသက် ၃၄ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

4. I.O.I's Somi

Somi ကို စတင်ပွဲဦးထွက်ကာစ အချိန်တုန်းက ပရိသတ်တွေက အသက် ၂၀ ကျော်မိန်းကလေးတစ်ယောက်ထင်ခဲ့ကြပေမယ့် နောက်မှ Somi ရဲ့ အသက်ဟာ ၁၇ နှစ်သာ ရှိသေးကြောင်းသိရပါတယ်။

5. BIGBANG's GDragon

ဆယ်ကျော်သက်လူငယ်တစ်ယောက်လိုမျိုး အမြဲတက်ကြွနေတတ်တဲ့ Fashion King ကြီး G-Dragon ရဲ့ အသက်ကတော့ ဒီနှစ်ထဲမှာ အသက် ၃၀ ပြည့်တော့မှာ ဖြစ်ပါတယ်တဲ့နော်။

6. Girls' Generation's Taeyeon

Kid Leader လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ Taeyeon ရဲ့ အသက်ကတော့ ၂၉ နှစ် ရှိနေပါပြီ။

7. SEVENTEEN's Woozi

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လိုမျိုး ထင်မှတ်ရလောက်တဲ့ Woozi ကတော့ ဒီနှစ်ရဲ့ နိုဝင်ဘာလထဲမှာ အသက် ၂၂ နှစ် ပြည့်တော့မှာပါ။

8. Red Velvet's Irene

Red Velvet အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ Irene ကို ကြည့်လိုက်ရင် အသက် ၂၀ စွန်းကာစ မိန်းကလေးငယ်တစ်ဦးလို့ ထင်မှတ်ရပေမယ့် တကယ်တော့ Irene ရဲ့ အသက်ဟာ ၂၇ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

9. WINNER's Jinwoo

ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးရှိတာကြောင့် အဖွဲ့ထဲမှာ အသက်အငယ်ဆုံးအဖွဲ့ဝင်လို့ ထင်မှားခံရတတ်တဲ့ Jinwoo ဟာ အမှန်တကယ်တော့ အသက်အကြီးဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒီနှစ်ရဲ့ စက်တင်ဘာလထဲမှာ အသက် ၂၇ နှစ် ပြည့်တော့မှာပါ။

10. MAMAMOO's Hwasa

ရင့်ကျက်တဲ့မျက်နှာဟန်ပန်ကြောင့် အဖွဲ့ထဲမှာ အသက်အကြီးဆုံးအဖွဲ့ဝင်ရယ်လို့ ထင်မှားခံရတတ်တဲ့ Hwasa ကတော့ အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်လေးဖြစ်ပါတယ်။ အသက်ကတော့ ၂၃ နှစ် ပဲ ရှိပါသေးတယ်တဲ့။

Ref : kstarlive
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။