ဒိုင်လူကြီးက ပင်နတီ၃လုံးပေးခဲ့ပေမယ့်လဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အသင်း

Posted on - Dec 7 []

Thar Lay Htet Aung

စာရေးသူ

ဘောလုံးပွဲတစ်ပွဲမှာ ပင်နတီ၃ကြိမ် ပေးတယ်ဆိုတာ ဖြစ်ထောင့်ဖြစ်ခဲ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လဲ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျီနိုအာအသင်းနဲ့ အန်တယ်လာ အသင်းတို့ရဲ့ ကိုပါအီတာလီယာဖလား ရှုံးထွက်ပွဲစဉ်မှာ ဒိုင်လူကြီးက ဂျီနိုအာအသင်းကို ပင်နတီ၃ကြိမ်အထိ ပေးခဲ့ပါတယ်။ အဆိုပါ ပင်နတီ၃ကြိမ်လုံးကို ဂျီနိုအာအသင်း ၀င်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ဘဲ ပွဲအပြီးမှာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဒီပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို အန်တယ်လာအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ်၂၀မှာ အိုင်ကာဒီက သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ၂၇မိနစ်မှာ ဂျီနိုအာအသင်း ပင်နတီရခဲ့ပြီး တိုက်စစ်မှူး ပီယာတက်က ဂိုးဝင်အောင် ကန်သွင်းကာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်း ၈၃မိနစ်မှာလဲ အိုင်ကာဒီကပဲ အန်တယ်လာ အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ၈၆မိနစ်မှာ ဒိုင်လူကြီးက ဂျီနိုအာဘက်ကို ပင်နတီထပ်ပေးခဲ့ပြီး ပီယာတက်ကပဲ ၀င်အောင်ကန်သွင်းကာ ဒုတိယပိုင်း အပြီးမှာလဲ တစ်ဖက်၂ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒါ့ကြောင့် အချိန်ပိုမိနစ်၃၀ ထပ်မံကစားခဲ့ပြီး မိနစ်၁၁၀မှာ ဂျီနိုအာသင်း ပင်နတီထပ်ရခဲ့ပြီး လာပါဒူလာက ၀င်အောင်ကန်သွင်းကာ ဂျီနိုအာအသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဂျီနိုအာအသင်း အနိုင်ရသွားပြီလို့ ထင်မှတ်ခဲ့ရပေမယ့် အချိန်ပိုပြည့်ဖို့ နောက်ဆုံးမိနစ်မှာ အဒေါ်လ်ဂျန်က ချေပဂိုးပြန်သွင်းပေးခဲ့လို့ တစ်ဖက်၃ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အချိန်ပိုမှာလဲ သရေကျနေခဲ့တာကြောင့် ပင်နတီအဆုံးအဖြတ် ခံယူခဲ့ရာမှာတော့ အန်တယ်လာအသင်းက ၇-၆နဲ့အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အသင်းငယ်လေး အန်တယ်လာ အသင်းဟာ စီးရီးအေမှာ ခြေစွာနေတဲ့ ဂျီနိုအာအသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး အဝေးကွင်းမှာ အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။