မက်ဆီက Skill တစ်ခုတည်းသာရှိသူလို့ ပြောဆိုခဲ့တဲ့ ပီလီ

Posted on - Dec 7 []

Vitamin

စာရေးသူ

မက်ဆီနဲ့ရိုနယ်ဒိုတို့ကြားက အပြိုင်အဆိုင်ရှိနေမှုတွေကတော့ သူတို့ရဲ့အောင်မြင်မှုတွေ အရောင်မှိန်လာချိန်မှာတောင် ဆက်လက်ပေါ်ပေါက်နေဆဲပါပဲ။ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲဆိုတာကို အခုအချိန်အထိ လူအများကြားထဲမှာ အငြင်းပွားနေဆဲပါပဲ။ သင်ဆိုရင်ရော ဘယ်သူက ပိုကောင်းတယ်လို့ ထင်ပါသလဲ ? မက်ဆီလား ? ရိုနယ်ဒိုလား ?

ဒီရက်ပိုင်းအတွင်းမှာ နေမာကို မက်ဆီနဲ့ရိုနယ်ဒို ဘယ်သူကပိုကောင်းလဲဆိုပြီး မေးမြန်းခဲ့ရာမှာတော့ နေမာက သူနဲ့ ဘာစီလိုနာမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ မက်ဆီက ပိုကောင်းတယ်လို့ ဖြေဆိုခဲ့ပါတယ်။ ဒါပေမယ့် နေမာနဲ့ တစ်နိုင်ငံတည်းသား ဖြစ်နေတဲ့ ဘရာဇီးဂန္တဝင် ဘောလုံးသမားကြီး ပီလီကတော့ နေမာနဲ့ အမြင်ချင်း ခြားနားလို့နေပါတယ်။

အသက် ၇၈နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပီလီက သူနဲ့မက်ဆီကို နှိုင်းယှဉ်ပြီး မက်ဆီက အရည်အချင်းတစ်ခုသာရှိတဲ့ ဘောလုံးသမားတစ်ယောက်လို့ သတ်မှတ်သွားခဲ့ပါတယ်။ ပီလီက “ခင်ဗျားအနေနဲ့ဗျာ ဘောလုံးကို ခေါင်းနဲ့လည်း ကစားတတ်တယ် ဘယ်ခြေနဲ့ရော ညာခြေနဲ့ရော ကစားနိုင်တဲ့သူမျိုးနဲ့ ဂိုးပေါက်ကို ခြေထောက်တစ်ဖက်တည်းနဲ့သာ ကန်သွင်းနိုင်တယ် ခေါင်းတိုက်မကစားနိုင်ဘူး ဒီလို Skill တစ်ခုတည်းသာရှိသူနဲ့ သွားပြီးနှိုင်းယှဉ်သင့်လား” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတစ်ယောက်မဟုတ်ပဲ သူ့ထက်ပိုကောင်းတဲ့ ကစားသမား(၃)ယောက် ရှိနေသေးတယ်လို့လည်း ပီလီက ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်အမြင်အရတော့ မာရာဒိုနာက အကောင်းဆုံး ဘောလုံးသမားပဲ။ သူက မက်ဆီထက်ပိုကောင်းသလားလို့ ကျွန်တော့်ကို လာမေးရင်တော့ ပိုကောင်းတယ်လို့ပဲ ဖြေရမှာပါ။ ပြီးတော့ ဂျိုဟန်ခရိုက်နဲ့ ဘက်ကင်ဘောင်ဝါတို့ကလည်း မက်ဆီထက် ပိုကောင်းကြပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ကဲ…သင်ရော ပီလီပြောတာကို လက်ခံချင်ပါသလား။ မက်ဆီကရော ပီလီပြောသလို တကယ်ပဲ Skill တစ်ခုတည်း ရှိနေတာလား။ သင်တို့ရဲ့အမြင်တွေကိုလည်း ပြောပြပေးသွားပါဦးနော်။ ဖတ်ရှုပေးခဲ့သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။