အနှောင့်မင်္ဂလာလက်ဖွဲ့​လေးတစ်ခုကြောင့် ရယ်နေရတဲ့ မောင်​​မောင်​​အေးတို့ဇနီးမောင်နှံ

Posted on - Dec 7 []

Myint Myat

စာရေးသူ

အပြောအဆိုသွက်သွက်လက်လက်နဲ့ အစီအစဉ်တွေကို အကောင်းဆုံးတင်ဆက်နိုင်တဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးကတော့ အချိန်အကြာကြီး လူပျိုကြီးဘဝနဲ့ရှိနေပြီးမှ ရုတ်တရက်ဆိုသလို သူ့ထက်အသက် ၁၄နှစ်ငယ်တဲ့ ချစ်စရာကောင်မလေးနဲ့ လက်ဆက်ခဲ့ပါတယ်။ မောင်မောင်အေးနဲ့ ဇနီးချောလေး မမြင့်မြင့်တို့ရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ရက်နေ့က သူဝဏ္ဏဘူမိမှာ ခမ်းခမ်းနားနား ကျင်းပခဲ့တာပါ။ ဒီနေ့လေးမှာတော့ ချစ်ရခင်ရသူတွေက ပေးကြတဲ့ မင်္ဂလာလက်ဖွဲ့လေးထဲမှာ အနှောင့်လက်ဖွဲ့လေးတစ်ခုပါနေတာကြောင့် မောင်မောင်အေးက အရွှန်းဖောက်ပြီး လူမှုကွန်ယက်မှာ ပြန်လည်တင်ခဲ့တာ တွေ့ရပါတယ်။

မောင်မောင်အေးနဲ့ မမြင့်မြင့်တို့နှစ်ဦးကတော့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပြီး၊ ဒီဇင်ဘာ ၅ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

မောင်မောင်အေးကတော့ သူတို့ဇနီးမောင်နှံကို ချစ်ခင်သူတစ်ဦးက စနောက်ပြီးပေးလိုက်တဲ့ ဆံပင်မှုတ်စက် လက်ဖွဲ့လေးရဲ့အကြောင်းကို "ပြောတော့ ဇနီးမောင်နှံအတွက်တဲ့... ပေးတော့ ဟဲဒွိုင်ယာ... အဟင်း.. မပြောတေးပု...." ဆိုပြီး ဟာသသဘောနဲ့ ဖေ့စ်ဘုတ်မှာ တင်ထားခဲ့တာပါ။

သူကိုယ်တိုင်ကလည်း အမြဲလိုလို ပျော်ပျော်ရွှင်ရွှင်နဲ့ စနောက်တတ်တဲ့ မောင်မောင်အေးကိုတော့ ချစ်ခင်သူတွေလည်း ပြန်ပြီးစနောက်ကြတာပေါ့နော်။

မောင်မောင်အေးရဲ့မင်္ဂလာပွဲကြီးကိုတော့ ချစ်ရခင်ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့ နာမည်ကြီး အနုပညာရှင်တွေများစွာကလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။ သူ့ထက် အသက် ၁၄နှစ်တောင်ငယ်တဲ့ သတို့သမီးချောချောလေးကို ပိုင်ဆိုင်ထားတဲ့ မောင်မောင်အေးကတော့ တကယ့်ကို ကံကောင်းလွန်းသူကြီးပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ရင်းကောင်းတဲ့ အစီအစဉ်တင်ဆက်သူကြီး မောင်မောင်အေးနဲ့ ဇနီးချောလေး မမြင့်မြင့်တို့နှစ်ဦး သားသားမီးမီးလေးတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Myint Myat
Source;Mg Mg Aye's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။