မျက်စိရှေ့မှာပဲ အရွှယ်ရောက်လာကြတဲ့ ကိုရီးယားမင်းသမီးချောလေးတွေ

Posted on - Dec 7 []

Vitamin

စာရေးသူ

ကိုရီးယားကားတွေ ကြည့်ရှုလာခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ။ အရမ်းကို ကြာနေပြီဆိုရင်တော့ သင်ရဲ့မျက်စိရှေ့မှာပဲ အရွှယ်ရောက်လာတဲ့ မင်းသားတွေမင်းသမီးတွေ များစွာရှိနေမှာ သေချာပါတယ်။ ဒီထဲကမှ အရမ်းကိုလှပတဲ့ မင်းသမီးလေးတွေ ဖြစ်လာခဲ့ကြတဲ့ ကလေးသရုပ်ဆောင်လေးများကို ရွေးချယ်ဖော်ပြပေးသွားချင်ပါတယ်။

Lee Se Young

အသက် ၂၆နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ မင်းသမီးချောလေး Lee Se Young ဟာလည်း ၁၉၉၇ခုနှစ်ကတည်းကနေ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ကျင်လည်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေများစွာမှာ အောင်မြင်တဲ့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သူ Lee Se Young ဟာ Hit the Top ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့ပြီး ဒီနှစ်ထဲမှာ ပြသထားခဲ့တဲ့ Hwayugi ဇာတ်လမ်းတွဲမှာလည်း သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို မတူညီတဲ့ ဇာတ်ရုပ်၃ရုပ် တွဲဖက်သရုပ်ဆောင်ခဲ့ရင်းနဲ့ ပြသထားခဲ့ပါတယ်။

Kim Hyun Soo

မင်းသမီးငယ်လေး Kim Hyun Soo ကတော့ အနုပညာဝါသနာပါသူဖြစ်လို့ ငယ်ငယ်လေးကတည်းက ကလေးမော်ဒယ်တစ်ယောက်အဖြစ်နဲ့ Entertainment Industry ထဲကို စတင်ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်က ပြသွားခဲ့တဲ့ The Crucible ဇာတ်ကားထဲမှာ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ဝင်ရောက်သရုပ်ဆောင်ခဲ့ရင်းနဲ့ အရမ်းကို ကျော်ကြားလာခဲ့သူပါ။ My Love from the Sun ဇာတ်လမ်းတွဲမှာပါ ပါဝင်ခဲ့သူ Kim Hye Soo ကတော့ လက်ရှိမှာ အသက်၁၈နှစ် ရှိနေပါပြီ။

Kim So Hyun

အသက် ၁၉နှစ် ရှိလာပြီဖြစ်တဲ့ မင်းသမီးချောလေး Kim So Hyun ကတော့ The Moon Embracing the Sun ဇာတ်လမ်းတွဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ရင်းနဲ့ လူတိုင်းက သူမကို စတင်သတိထားမိလာပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ Kim So Hyun ဟာ Who Are You, Bring It On, Ghost, Ruler: Master of the Mask နဲ့ Radio Romance တို့မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ဆက်တိုက်ပါဝင်သရုပ်ဆောင်ခွင့် ရလာခဲ့ပါတယ်။

Nam Ji Hyun

မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ 100 Days My Prince ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားခဲ့တဲ့ မင်းသမီးချောလေး Nam Ji Hyun ကလည်း ကလေးသရုပ်ဆောင်ဘဝကနေ တတ်လှမ်းလာခဲ့သူဖြစ်ပြီးတော့ အရမ်းကို ကြည့်လို့ကောင်းတဲ့ East of Eden ဇာတ်လမ်းတွဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၃နှစ်ရှိနေတဲ့ Nam Ji Hyun ဟာ မနှစ်က ပြသခဲ့တဲ့ Suspicious Partner ဇာတ်လမ်းတွဲမှာ မင်းသားချော Ji Chang Wook နဲ့ တွဲဖက်သရုပ်ဆောင်ရင်း အရမ်းကို နာမည်ကျော်လာခဲ့သူဖြစ်ပါတယ်။

Kim Yoo Jung

လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ Clean with Passion For Now ရဲ့ မင်းသမီးချောလေး Kim Yoo Jung ကတော့ အသက်၎နှစ်ကတည်းက ကလေးသရုပ်ဆောင်ဘဝကို စတင်ဝင်ရောက်လာခဲ့ပြီးတော့ ရုပ်ရှင်ကား၁၅ကားနဲ့ ဇာတ်လမ်းတွဲ ၁၃ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး Iljimae ဇာတ်လမ်းတွဲနဲ့ပါ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ အသက် ၁၉နှစ်ရှိလာပြီဖြစ်တဲ့ မင်းသမီးချော Kim Yoo Jung က Love in the Moonlight မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပွဲဦးထွက် ပါဝင်လာခဲ့ပြီးတော့ အရမ်းကို အောင်မြင်ခဲ့သူဖြစ်ပါတယ်။

Ref . Soompi
Vitamin(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။