သမီးလေးကို ရုပ်ဆိုးလိုက်တာ ဆိုပြီးကိုယ်ချင်းမစာပြောလာတဲ့သူတွေ ကို ကိုယ်ချင်းစာဖို့ပြောလိုက်တဲ့ စမိုင်းလ်

Posted on - Dec 7 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ စမိုင်းလ် က ဒီတစ်ခါမှာတော့ မိခင်တစ်ယောက်ရဲ့ သားသမီးတွေကို အဆိုးပြောတဲ့ သူတွေကို စာနာဖို့ ပြောထားတာလေးကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ် က " သမီးတွေပုံတွေကိုတကယ်ဆို မတင်ချင်ပါဘူး .. FB ပေါ်ကနေမမြငိရပဲကဲ့ရဲ့အပစ်တင်တတ်သူတွေတစ်ချို့ကြောင့်ပါ.. မိဘနေရာကိုရောက်လာတော့ ကိုယ့်ကိုဘယ်လောက်ချောကြောင်းလှကြောင်းပြောတာထက် သမီးလေးတွေဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတဲ့စကားတွေကရင်ထဲမှာဖြစ်လာတဲ့အပျော်တွေကိုပြောမပြတတ်ဘူး..." ပြောထားပါတယ်။

နောက်ပြီး " အဲလိုပဲသမီးလေးတွေရုပ်ဆိုးလိုက်တာ ကုလားမ မဲတူ စသည်ဖြင့် ပျစ်ပျစ်နပ်နပ်ကိုယ်ချင်းမစာပြောလာတဲ့သူတွေဆိုရင်လည်း ရင်ထဲမှာအောင့်နေအောင်ဝမ်းနညိးတယ်. သားသမီး မောင်နှမ ကိုယ်ချင်းစာစိတ်လေးထားပြီးသူတစ်ပါးအပေါ်ဝေဖန်ပစ်တင်ကြပါလို့ ကြိုတောင်းပန်ပါရစေ." ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

သားသမီးကို ပြောတဲ့အခါ မိခင်တစ်ယောက်အနေနဲ့ ရင်ထဲမှာခံစားရတာကြောင့် သားသမီးချင်းကိုယ်ချင်းစာဖို့ စမိုင်းလ်က စိတ်မကောင်းစွာနဲ့ တောင်းပန်ထားတာပါပရိသတ်ကြီးရေ။

မိခင်တစ်ဦးရဲ့ ကိုယ့်သမီးလေးတွေကို ကိုယ်ချင်းမစာပြောတဲ့ သူတွေကို ကိုယ်ချင်းစာဖို့ပြောထားတာလေးကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေတေ့်မြင်ရလောပ်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးရဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;smile 's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။