ရုတ်တရက်မမှတ်မိတော့လောက်အောင် ပြောင်းလဲလှပလာတဲ့ စူးရှထက်​ရဲ့ပုံရိပ်တွေ

Posted on - Dec 7 []

Myint Myat

စာရေးသူ

တစ်မူထူးခြားပြီး ညှို့အားပြင်းတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အလန်းစားမော်ဒယ်မလေး စူးရှထက်ကတော့ လက်တလောမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးတစ်ဦးပါ။ မကြာခဏဆိုသလို အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ရှိတဲ့ စူးရှထက်ကတော့ သူမရဲ့အလှအပတွေနဲ့ ပုရိသကိုကိုတွေကိုလည်း ရင်ခုန်အောင် လုပ်တတ်သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စူးရှထက်က မျက်နှာမသစ်ရသေးတဲ့ သူမရဲ့အလှပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားခဲ့တာပါ။ ရုတ်တရက်ကြည့်လိုက်ရင် မမှတ်မိတော့လောက်အောင် လှလာတဲ့ သူမရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တစ်ချို့က ချီးမွမ်းခဲ့ကြတာ တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် မယုံနိုင်လောက်အောင် ပြောင်းလဲလှပလာတဲ့ စူးရှထက်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရုတ်တရက်ကြည့်လိုက်တော့ မှတ်တောင်မမှတ်မိဖြစ်သွားတယ် ဘေဘီမွစိရယ်...

စူးရှထက်ကတော့ "မျက်နှာမသစ်ပဲ ရိုက်ရသော အရသာကို သဘောကြနေသောအခါ" ဆိုပြီး မျက်နှာတောင်မသစ်ရသေးတဲ့ သူမရဲ့သဘာဝအလှပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တာပါ။

မိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ သမီးလိမ်မာလေး စူးရှထက်ကတော့ မကြာခဏဆိုသလို သူမရဲ့လုပ်အားခနဲ့ မိဘတွေကို ကန်တော့လေ့ရှိတာလည်း တွေ့ရပါတယ်။

ချစ်စဖွယ် ကောင်းတဲ့ Tik tok ဗီဒီယိုလေးတွေလည်း ရိုက်ကူးပြီး လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ရှိတဲ့ စူးရှထက်ကတော့ ပွင့်လင်းရိုးရှင်းပြီး ပျော်ပျော်နေတတ်သူတစ်ဦးပါ။

အလန်းစားမော်ဒယ်မလေး စူးရှထက်ကတော့ အဆိုတော် အစ္စဏီကို မုဒိန်းမှုနဲ့ တရားစွဲပြီးနောက်ပိုင်းမှာ တမဟုတ်ချင်းကို နာမည်ပိုကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို တိုးတိုးပြီးရရှိနေတဲ့ စူးရှထက်ကတော့ လတ်တလောမှာ ဓါတ်ပုံတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာဖြစ်ပြီး တစ်ခြားသောအနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မမှတ်မိနိုင်တော့လောက်အောင် ပိုပိုပြီးလှလာတဲ့ မော်ဒယ်မလေး စူးရှထက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Zar Chi's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။