မင်္ဂလာ(၆)ပွဲဆောင်ရတဲ့ အကြောင်းအရင်းမှန်ကို ပြောပြခဲ့တဲ့ ပြေတီဦး

Posted on - Dec 7 []

Rowena

စာရေးသူ

နိုင်​ငံ​ကျော်​မင်းသား ​ပြေတီဦးဟာ သရုပ်​​ဆောင်​တဲ့​နေရာမှာ အပိုအလိုမရှိ တိတိကျကျနဲ့ ဟာကွက်​မရှိသရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ ပရိသတ်​​တွေရဲ့ ချစ်​ခင်​အား​ပေးမှုကို အခိုင်​အမာရရှိထားသူတစ်​ဦးပါ။ ​ပြေတီဦးက အနုပညာ​လောကထဲကို ဝင်​​ရောက်​လာခဲ့တဲ့ ဆယ်​စုနှစ်​တစ်​စု​ကျော်​​နေပြီဖြစ်​​ပေမယ့်​ သူ့ရဲ့ ​အောင်​မြင်​မှုက​တော့ ဒီ​နေ့ဒီအချိန်​ထိ တရှိန်​ထိုးရှိ​နေဆဲပါ။ မြို့ပရိသတ်​​တွေ​ရော နယ်​ပရိသတ်​​တွေပါ ​ပြေတီဦးကို မကြိုက်​တဲ့လူမရှိရ​လောက်​​အောင်​ တစ်​ခဲနက်​အား​ပေးကြပါတယ်​။

ပြေတီဦးက သူ့ရဲ့အနုပညာ​ကြောင့်​ နာမည်​​ကျော်​ကြားရုံသာမကပဲ စိတ်​​ကောင်း​စေတနာ​ကောင်းရှိတဲ့ သူ့ရဲ့ပုံစံ​ကြောင့်​လဲ ​ကောင်းသတင်း​ကျော်​ကြားလှပါတယ်​။ ​ပြေတီဦးဟာ သူနဲ့ရုပ်​ရှင်​အတူတူရိုက်​တဲ့ အနုပညာ​မောင်​နှမ​တွေ စက်​အဖွဲ့​တွေကို မုန့်​ဖိုး​တွေ မကြာခဏဆိုသလို ​ပေး​လေ့ရှိပါတယ်​။ ဒါ့အပြင်​ ​ပြေတီဦးက သူ့ရဲ့နာမည်​နဲ့ ပညာ​ရေး​ဖောင်​​ဒေးရှင်းတစ်​ခုကို တည်​​ထောင်​ထားပြီး ပညာဆက်​လက်​သင်​ကြားဖို့ အခက်​အခဲရှိ​နေတဲ့ ​ကျောင်းသား၊ ​ကျောင်းသူ​တွေကို ​ထောက်​ပံ့​ကြေး​ပေးပြီး ပညာဆက်​လက်​သင်​ကြား​ပေး​နေတာပဲဖြစ်​ပါတယ်​။

ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းဟာ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လာမယ့်၂၀၁၉ ခုနှစ်မှာ (၁၀)နှစ်တိတိပြည့်မှာပဲဖြစ်ပါတယ်။ (၁၀)နှစ်အတွင်းမှာ ကျောင်းသား၊ ကျောင်းသူ (၆၄)ယောက်ကို ဆရာဝန်အဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အလုပ်သင်ကျောင်းသား (၁၈)ယောက်လဲ ရှိနေပါသေးတယ်လို့ သိရပါတယ်။

ပြေတီဦးဟာ သရုပ်ဆောင် အိန္ဒြာ​ကျော်​ဇင်​ဟာ အနုပညာ​လောကထဲမှာပဲ ဆုံ​တွေ့ခဲ့ကြပြီး ၂၀၁၁ ခုနှစ်​မှာပဲ မင်္ဂလာ​ဆောင်​ခဲ့ကြပါတယ်​။ မှတ်​မှတ်​ရရအ​နေနဲ့ မင်္ဂလာပွဲကို (၆) ပွဲပြုလုပ်​ခဲ့တာ​ကြောင့်​လဲ ပရိသတ်​​တွေကြားမှာ ​ရေပန်းစားခဲ့ပါ​သေးတယ်​။ ပြေတီဦးက သူတို့အနေနဲ့ မင်္ဂလာပွဲကို (၆) ပွဲပြူလုပ်ရခြင်း အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။ ပြေတီဦးဟာ သူ့ရဲ့ ပညာရေးဖောင်ဒေးရှင်း စတင်တည်ထောင်ခါစက ငွေကြေး သိန်းတစ်ရာပဲ ပိုင်ဆိုင်ခဲ့ပြီး အခက်အခဲတွေရှိခဲ့ပါတယ်တဲ့။ ဖောင်ဒေးရှင်းအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို နည်းမျိုးစုံနဲ့ ရှာဖွေခဲ့ရပါတယ်။ နောက်ဆုံးမှာ မင်္ဂလာပွဲကို (၆) ပွဲကျင်းပခဲ့ပြီး ရုပ်သံလိုင်းတစ်ခုနဲ့ ညှိနှိုင်းကာ စပွန်ဆာရခဲ့တာဖြစ်ပါတယ်။ စပွန်ဆာရခဲ့တဲ့ ငွေကြေးတွေအကုန်ကိုလဲ ဘဏ်မှာအပ်နှံခဲ့ပြီး ရရှိတဲ့ အတိုးတွေကို စနစ်တကျစိစစ်ပြီး ဖောင်ဒေးရှင်းထဲမှာ ထည့်နှံခဲ့ကာ ကျောင်းသားကျောင်းသူတွေကို ထောက်ပံ့ခဲ့ရပါတယ်။

ပြေတီဦးဟာ သူတို့အနေနဲ့ ဂုဏ်ဆာပြီး လူအထင်ကြီးစေဖို့ မင်္ဂလာဆောင် (၆) ပွဲကျင်းပခဲ့ရခြင်း မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး ဖြုစင်စွာငွေရှာခဲ့တာမို့ သိပ်ကိုမွန်မြတ်တဲ့ အလုပ်တစ်ခုပါပဲ။ ပြေတီဦးရဲ့ ဖောင်ဒေးရှင်းဟာ ဒီနေ့ဒီအချိန်ထိ ခိုင်မြဲစွာရပ်တည်နေနိုင်ပြီး ကျောင်းသား ကျောင်းသူပေါင်း နှစ်ရာကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

ပရိသတ်ကြီးလဲ စိတ်ထားဖြူစင်ပြီး စေတနာကောင်းလွန်းလှတဲ့ ပြေတီဦးရဲ့ ပရဟိတလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေ။ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Saw
Source; Akone Thi page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။