ရည်းစားထားရင် ပရိသတ်တွေကို အသိပေးမှာပါဆိုတဲ့ ယွန်းယွန်း

Posted on - Jan 1 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ မကြာသေးမီကမှ အချစ်ရေးနဲ့ပတ်သက်တဲ့ ကောလဟလ သတင်းတွေထွက်ပေါ်ခဲ့သူတစ်ဦးဖြစ်တဲ့ ယွန်းယွန်းတစ်ယောက် သူမအနေနဲ့ အဲ့ဒီလိုသတင်းတွေထွက်ပေါ်ခဲ့တာကြောင့် ပရိသတ်တွေကို စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

နောက်ပြီး သူမက ချစ်သူကတော့ ထားရင်လည်းထားမှာပါ။ ဒါပေမယ့်လည်း ထားတဲ့အခါ သူမမှာချစ်သူရနေပြီဆိုတဲ့အကြောင်းနဲ့ ဘယ်သူဆိုတာကို ပရိသတ်တွေကို ပြောပြပေးသွားမှာပါလို့လည်းအင်တာဗျူးမှာ ပြောပြပေးခဲ့ပါသေးတယ်။

ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ ယွန်းယွန်းရဲ့ အင်တာဗျူး

မိုမိုလေးပရိသတ်ကြီးရေ ယွန်းယွန်းကို ဆက်ပြီးတော့လည်း အားပေးကြဦးမယ်မဟုတ်လား။ သူမရဲ့အနုပညာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးမြင်တွေ့ရတော့မယ့်ဆိုတာကိုလည်း စောင့်မျှော်အားပေးကြပါဦးနော်။

HM (မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။