ဆိုးလ်ရှားလက်ထက် ၃ပွဲဆက်နိုင်ပွဲကို ရယူမယ့် ယူနိုက်တက်အသင်း

Posted on - Dec 30 []

Thar Lay Htet Aung

စာရေးသူ

နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ဂိုးပြတ်နိုင်ပွဲတွေ ရရှိနေတဲ့ ယူနိုက်တက်အသင်းဟာ ယနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်၂၀ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းအိုးထရန့်ဖို့ဒ်မှာ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ကစား သွားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားလက်ထက်မှာတော့ တိုက်စစ်ကစားဟန်နဲ့ ပုံစံကောင်းတွေ ပြန်ရနေပြီး မော်ရင်ဟိုလက်ထက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကစားသမားတွေလဲ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသ နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာလဲ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တဲ့အတွက် ဆိုးလ်ရှားအတွက် ယူနိုက်တက် နည်းပြဘ၀ တတိယမြောက် ပွဲစဉ်ကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ အခြေအနေတွေ ကောင်းနေပါတယ်။

ယူနိုက်တက်အတွက် အိမ်ရှင်အားသာချက် ရှိပေမယ့် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်အားကောင်းမှုကြောင့် သတိထား ကစားဖို့တော့ လိုအပ်ပါတယ်။ ဒါပေမယ့်လဲ အကောင်းဆုံး ခြေစွမ်းတွေ ပြန်ရနေတဲ့ ယူနိုက်တက်အသင်းကို ဘုန်းမောက်အသင်း အဝေးကွင်းမှာ ရပ်တန့်ဖို့တော့ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ယူနိုက်တက်အသင်း ဆိုးလ်ရှားလက်ထက် ၃ပွဲဆက်နိုင်ပွဲကို ရယူပြီး ၂၀၁၈ကို နိုင်ပွဲနဲ့ နှုတ်ဆက်သွားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။