ဒီဇင်ဘာပွဲကြပ်ကာလကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဖြတ်သန်းနိုင်ခဲ့တဲ့ လီဗာပူးအသင်း

Posted on - Dec 31 []

Thar Lay Htet Aung

စာရေးသူ

ဒီဇင်ဘာပွဲကြပ်ကာလဆိုတာ ပရီးမီးယားလိဂ် အသင်းတိုင်းအတွက် ခက်ခဲတတ်တဲ့ အစဉ်အလာတွေ ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ လီဗာပူးအသင်းဟာ အကောင်းဆုံး ခြေဖျက်နိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ လီဗာပူးအသင်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယနေရာက မန်စီးတီးကို ၇မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာပါ။

ပရိသတ်တွေ သိတဲ့အတိုင်း ဒီဇင်ဘာ ပွဲကြပ်ကာလအတွင်းမှာ လီဗာပူးအသင်းရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ စပါး အစရှိတဲ့ အသင်းတွေအားလုံး ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ကြပေမယ့် လီဗာပူးအသင်းကတော့ သရေပွဲတောင် မရှိခဲ့ဘဲ ကစားခဲ့တဲ့ ပွဲစဉ်အားလုံးကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုဒီဇင်ဘာလအတွင်းမှာ ပွဲစဉ်၈ပွဲကစားခဲ့ပြီး ၈ပွဲလုံးအနိုင်ရခဲ့ကာ Clean Sheat ၅ပွဲအထိ ရယူနိုင်ခဲ့ပါတယ်။ အဆိုပါ၈ပွဲမှာ တိုက်စစ်ပိုင်းက ပျှမ်းမျှတစ်ပွဲကို ၃ဂိုးနီးပါးနှုန်းနဲ့ ၂၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ခံစစ်ပိုင်းက ၃ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ ယခုလအတွင်း လီဗာပူးအသင်း ကစားခဲ့တဲ့ပွဲစဉ်တွေနဲ့ ရလဒ်တွေကတော့…
.
လီဗာပူး ၁-၀ အဲဗာတန် (ဒီဇင်ဘာ ၂)
ဘန်လေ ၁-၃ လီဗာပူး (ဒီဇင်ဘာ ၆)
ဘုန်းမောက် ၀-၄ လီဗာပူး (ဒီဇင်ဘာ ၈)
လီဗာပူး ၁-၀ နာပိုလီ (ဒီဇင်ဘာ ၁၂)
လီဗာပူး ၃-၁ မန်ချက်စတာယူနိုက်တက် (ဒီဇင်ဘာ ၁၆)
ဝုဗ် ၀-၂ လီဗာပူး (ဒီဇင်ဘာ ၂၂)
လီဗာပူး ၄-၀ နယူးကာဆယ် (ဒီဇင်ဘာ ၂၆)
လီဗာပူး ၅-၁ အာဆင်နယ် (ဒီဇင်ဘာ ၃၀)

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။