Balloon d’Or ဆုရှင် မိုဒရစ်ရဲ့ အကောင်းဆုံး(၁၁)ယောက်အသင်း

Posted on - Dec 31 []

Thar Lay Htet Aung

စာရေးသူ

၂၀၁၈ခုနှစ်အတွင်းမှာ Balloon d’Or ဆုအပါအ၀င် တစ်ကိုယ်တော် အကောင်းဆုံးဆုတွေ သိမ်းကျုံးရယူနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ် အသင်းနဲ့ ခရိုအေးရှား ကွင်းလယ်လူ လူကာမိုဒရစ်ဟာ သူနှစ်သက်တဲ့ ကစားသမားတွေနဲ့ သူ့ရဲ့အကောင်းဆုံး ၁၁ယောက်အသင်းကို ရွေးချယ်သွားခဲ့ပါတယ်။

မိုဒရစ်ဟာ အဆိုပါအသင်းကို ၄-၃-၃ကစားကွက်နဲ့ ရွေးချယ်သွားခဲ့တာဖြစ်ပြီး ရီးရဲမက်ဒရစ် ကစားသမားတွေနဲ့ ခရိုးအေးရှား လက်ရွေးစင် ကစားသမားတွေပါဝင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မက်ဆီလဲ ပါဝင်လာခဲ့ပါတယ်။

မိုဒရစ်အသင်းရဲ့ ဂိုးသမားနေရာမှာ ကာဆီးလက်၊ နောက်ခံလူတွေ နေရာမှာ ကာဗာဂျယ်၊ ရာမို့စ်၊ ပီပီ၊ မာဆယ်လို၊ ကွင်းလယ်မှာ တိုနီခရူးလ်၊ ရာကီတစ်တို့နဲ့အတူ သူကိုယ်တိုင် ပါဝင်ခဲ့ပြီး တိုက်စစ်မှာတော့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး၂ဦးဖြစ်တဲ့ ရော်နယ်ဒို မက်ဆီတို့နဲ့အတူ သူ့ရဲ့ခရိုအေးရှား လက်ရွေးစင် အသင်းဖော် မန်ဇူကစ်တို့ကို ရွေးချယ်သွားခဲ့ပါတယ်။

Luka Modric Dream Team

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။