လုပ်တိုင်းဖြစ်နေတဲ့ ဆိုးလ်ရှားနဲ့အတူ ၂၀၁၈ကိုဂိုးပြတ်နိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့တဲ့ယူနိုက်တက်

Posted on - Dec 31 []

Thar Lay Htet Aung

စာရေးသူ

မကြာသေးခင်က ပရီးမီးယားလိဂ် ပွဲစဉ်၂၀ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ဘုန်းမောက် အသင်းတို့ရဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းက ၄-၁နဲ့ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ဂိုးပြတ်နိုင်ပွဲတွေကို ရယူနေတဲ့ ယူနိုက်တက်အသင်း ယခုပွဲစဉ်မှာလဲ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူခဲ့ပြီး ၂၀၁၈ကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅မိနစ်နဲ့၃၃မိနစ်မှာ ပေါ့ဂ်ဘာ၊ ၄၅မိနစ်မှာ ရက်ရှ်ဖို့ဒ်၊ ၇၂မိနစ်မှာ လူကာကူတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘုန်းမောက်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၅မိနစ်ပြည့်ပြီး နာကျင်အချိန်ပိုမှာ နသန်အကီက သွင်းယူပေးခဲ့တာပါ။

ဆိုးလ်ရှားအတွက်တော့ ယူနိုက်တက်အသင်းမှာ လုပ်တိုင်းဖြစ်နေတယ်လို့ သတ်မှတ်လို့ရပြီး သူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်၃ပွဲလုံးကို ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။ အဆိုပါ၃ပွဲမှာ ပျှမ်းမျှတစ်ပွဲ၎ဂိုးနှုန်း ရရှိခဲ့တာကလဲ ယူနိုက်တက် တိုက်စစ်ပိုင်းအတွက်တော့ အားရစရာပါပဲ။ ဒါ့ပြင် မော်ရင်ဟိုလက်ထက် ဇီးရိုးဖြစ်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ လူကာကူတို့ဟာလဲ ဆိုးလ်ရှားလက်ထက်မှာ ဟီးရိုးပြန်ဖြစ်လာခဲ့တာက ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။