1999 ချန်ပီယံလိဂ်ဖိုင်နယ်ကို New Version နဲ့ ပြန်လည်မြင်တွေ့ရဖို့ရှိနေ

Posted on - Jan 2 []

Thar Lay Htet Aung

စာရေးသူ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရွှေရောင်နှစ်တစ်နှစ် ဖြစ်ခဲ့တဲ့ ၁၉၉၉ခုနှစ်ကို ပရိသတ်တွေအားလုံး မှတ်မိနေကြဦးမှာပါ။ အခုယူနိုက်တက် ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေပါ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်ကို အသွင်းသစ်နဲ့ ပြန်လည် မြင်တွေ့ရဖို့ အခွင့်အရေးတစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။

အဲ့ဒါကတော့ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဗိုလ်လုခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ ယူနိုက်တက် ဖောင်ဒေးရှင်းက စီစဉ်တဲ့ နှစ်၂၀ပြည့် အထိန်းအမှတ်ပွဲ ယှဉ်ပြိုင်ကစားသွားမှာပါပဲ။ ထူးခြားတာကတော့ ၁၉၉၉ဗိုလ်လုပွဲတုန်းက ပွဲထွက်ကစားခဲ့တဲ့ ကစားသမား ၂၂ယောက်လုံးဟာ အဆိုပါရန်ပုံငွေပွဲမှာ ပါဝင်ကစားမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ ၁၉၉၉ဖိုင်နယ်ကို အသွင်သစ်နဲ့ ပြန်လည်မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

၁၉၉၉ခုနှစ်တုန်းက ဘာစီလိုနာကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် မိနစ်၉၀ပြည့်သည်အထိ ၁-၀နဲ့ရှုံးနိမ့်နေခဲ့ပေမယ့် ၉၁မိနစ်မှာ ရှက်ရင်ဂမ်၊ ၉၃မိနစ်မှာ ဆိုးလ်ရှားတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူပြီး ချန်ပီယံဆုကို အိမ်မက်ဆန်ဆန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုနှစ်၂၀ပြည့် ရန်ပုံငွေပွဲကိုလဲ နှစ်၂၀ပြည့်မယ့် မေလ၂၆ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။