မန်စီးတီး Vs လီဗာပူး ပွဲစဉ်အတွက် အထူးပွဲကြိုသုံးသပ်ချက်

Posted on - Jan 3 []

Thar Lay Htet Aung

စာရေးသူ

ပရီးမီးယားလိဂ် ပွဲစဉ်၂၁ရဲ့ နောက်ဆုံးပွဲစဉ်လဲဖြစ် အကောင်းဆုံး ပွဲစဉ်လဲဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူး ပွဲစဉ်ကတော့ ယနေ့ည ၂း၃၀မှာ ယှဉ်ပြိုင်ကစား သွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တာကြောင့်လဲ ဘောလုံးပရိသတ်တွေ အားလုံးရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ဒီပွဲစဉ်ရဲ့ ပက်သက်ပြီး မိုမိုလေးရဲ့ သုံးသပ်ချက်တွေကိုလဲ တင်ဆက်ပေးလိုက်ပါတယ်။

မန်စီးတီး

မန်စီးတီးအတွက်တော့ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပွဲစဉ်လို့တောင် ဆိုလို့ရတဲ့ ပွဲစဉ်ပါပဲ။ ဒီပွဲစဉ်မှာသာ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးနဲ့ ၁၀မှတ်အထိ ကွာဟသွားမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ လီဗာပူးနဲ့ ၄မှတ်သာ ကွာဟတော့မှာဖြစ်လို့ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိလာမှာပါ။ ဒါ့ကြောင့် ဒီပွဲစဉ်ဟာ လီဗာပူးအသင်းထက် မန်စီးတီးအသင်းအတွက်က ပိုပြီးအရေးပါနေပါတယ်။ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့်လဲ ဖောင်ဖျက်ပြီး အနိုင်ရလဒ် ရယူဖို့ အစွမ်းကုန် ကြိုးစားလာမှာပါ။

လီဗာပူး

လီဗာပူးအသင်းရဲ့ ခြေစွမ်းကလဲ ပရိသတ်တွေ သိတဲ့အတိုင်း ထိန်းမနိုင် သိမ်းမရအောင် ကောင်းမွန်နေပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေပါတယ်။ လီဗာပူးအသင်း ဒီပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် ချန်ပီယံဆုရရှိဖို့ အတော်လေး နီးစပ်သွားမှာဖြစ်ပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ရှုံးပွဲမရှိစံချိန် ကျိုးပျက်သွားမှာဖြစ်ကာ မန်စီးတီးအသင်းရဲ့ ဖိအားပေးခြင်းကိုပါ ခံရတော့မှာပါ။ ဒါ့ကြောင့် လီဗာပူး အသင်းအနေနဲ့ မန်စီးတီးကွင်းမှာ အနည်းဆုံး ရမှတ်၁မှတ် ရရှိအောင်တော့ ကစားမှာပါ။

သုံးသပ်ချက်

နှစ်သင်းလုံးဟာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ မန်စီးတီးအသင်း ခြေစွမ်းက ကျဆင်းလာတာ အားလုံးအသိပါ။ အထူးသဖြင့် ခံစစ်ပိုင်းက အတော်လေး အားနည်းနေပြီး နောက်ဆုံး၁၀ပွဲဆက်တိုက် ဂိုးပေးခဲ့ရတာက အံ့အားသင့်စရာပါပဲ။ ဒီလိုအားနည်းချက်တွေ ရှိနေတဲ့ မန်စီးတီးအသင်း လက်ရှိအချိန်မှာ လုပ်တိုင်းဖြစ်နေတဲ့ လီဗာပူးတိုက်စစ်ကို ထိန်းချုပ်ဖို့ မလွယ်ကူပါဘူး။ ပထမအကျော့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် ဒီပွဲစဉ်မှာတော့ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိပြီး လီဗာပူးအသင်း မရှုံးနိုင်ဘူးလို့ဘဲ သုံသပ်မိပါတယ်။

htetaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။