ဂိုးမိုခေါင်နေသူရဲ့ သွင်းဂိုးတွေနဲ့ နောက်တစ်ဆင့်တတ်ခဲ့သော ချဲလ်ဆီး

Posted on - Jan 5 []

Vitamin

စာရေးသူ

ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့တဲ့ ဒီတစ်ပတ်မှာတော့ FA ဖလား တတိယအဆင့် ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားခဲ့ပြီး FA ဖလားရဲ့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ လိဂ်ချန်ပီယံရှစ်ကလပ် နော်သင်ဟမ်နဲ့ ဆုံတွေ့ခဲ့ပြီး ၂ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်ချဲလ်ဆီးအသင်းကတော့ ဒီနေ့ပွဲမှာ အရန်ကစားသမားများစွာကို အသုံးပြုသွားခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အဆုံးသတ်အားနည်းလွန်းသူ မိုရာတာကို အထောင်ထားပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ အော်ဒေါရီ ၊ လော့တပ်ချိတို့နဲ့ တွဲဖက်ပေးသွားခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးကို ချဲလ်ဆီးအသင်းက ဖိကစားသွားခဲ့ပြီး အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ကောင်းကောင်းအသုံးမချနိုင်ခဲ့လို့ ပင်နယ်တီကန်ခွင့်ကိုလည်း ဖာဘရီဂတ်စ်က ဝင်အောင်မကန်သွင်းနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဂိုးပေါက်အရမ်းပျောက်ဆုံးနေသူ မိုရာတာက အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး နောက်ဆယ်မိနစ်အကြာမှာလည်း မိုရာတာကပဲ ဒုတိယမြောက်အနိုင်ဂိုးကို အော်ဒေါရီရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဓိက ကစားသမားဟာဇက်ဝင်ရောက်လာခဲ့ပေမယ့်လည်း ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ၂ဂိုး ဂိုးမရှိနဲ့သာ နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

vtm(MOMOLAY)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။