ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးခဲ့တဲ့ မင်းသားကြီး ရဲကိုကို

Posted on - Jan 7 []

K Kay

စာရေးသူ

အနုပညာလောကထဲကနေ ပျောက်ကွယ်သွားခဲ့တာကြာပြီဖြစ်တဲ့ မင်းသားကြီး ရဲကိုကိုဟာဆိုရင် တစ်ချိန်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့ရတဲ့ မင်းသားချော တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အလှမ်းဝေးကွာနေခဲ့တဲ့ သူဟာဆိုရင် ယခုအချိန်မှာ ပရိသတ်တွေ ရှေ့မှောက်ကို မမှတ်မိနိုင်လောက်တဲ့ ပုံစံမျိုးနဲ့ ထွက်ပေါ်ရောက်ရှိလို့်လာခဲ့ရတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ရှေ့မှောက်ကို ဘွားကနဲ ရောက်ရှိလာခဲ့ရတဲ့ အကြောင်းအရင်းကတော့ ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူကြမ်းမင်းသားကြီး ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင် ပေးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ သူဟာဆိုရင် အရင်အချိန် ဆယ်စုနှစ်တစ်ခုမှာကတည်းက အတူလက်တွဲပြီး အလုပ်လုပ်လာခဲ့ရတဲ့ ဦးမင်းစိန် ရုတ်တရက်သေဆုံးသွားခဲ့ရတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ရုတ်တရက် ဆုံးပါးကွယ်လွန်သွားခဲ့ရတဲ့ ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို ရေဝေးမှာ နေ့လယ် ၁ နာရီအချိန်က အပြီးသတ် မီးသဂြိုလ်တာဖြစ်တာကြောင့် မင်းသားကြီး ရဲကိုကိုက သူကိုယ်တိုင်ပါဝင်ပြီး လိုက်လံပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးမင်းစိန် အသက် ၅၇ နှစ် ရဲ့ နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ကုသိုလ်ယူခဲ့တဲ့ ရဲကိုကိုရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးကြပါဦးနော်။

တော်တန်ရုံနဲ့ ပရိသတ်တွေ ရှေ့မှောက်ကို ထွက်ရှိလာခဲ့ခြင်းမရှိတဲ့ မင်းသားကြီး ရဲကိုကို ကတော့ ယခုအချိန် လူကြမ်းမင်းသားကြီး ဦးမင်းစိန်ရဲ့ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင် ပေးခဲ့တာပဲဖြစ်ပါတယ်။

ဦးမင်းစိန်ရဲ့ နာရေးနောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြာပြီဖြစ်တဲ့ မင်းသားကြီး ရဲကိုကိုရဲ့ တွေ့ခဲလှတဲ့ ပုံရိပ်တွေကို မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။