မင်းစိန်ရဲ့ နောက်ဆုံးခရီးကို ဝမ်းနည်းစွာပို့ဆောင်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

Posted on - Jan 7 []

K Kay

စာရေးသူ

ရုပ်ရင် နှင့် ဗီဒီယို ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် ဦးမင်းစိန်ဟာဆိုရင် ဇန်နဝါရီလ ၅ ရက် မနက် ၂:၃၀ ခန့်က ရန်ကုန်ဆေးရုံကြီးမှာ ချွဲကျပ်ရောဂါအတွက် ဆေးကုသမှုခံယူရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၇ နှစ်အရွယ်သာ ရှိသေးတဲ့ ဦးမင်းစိန်အတွက် သူ့ရဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်များစွာတို့က မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြွေကွဲ ခဲ့ကြရတာပဲဖြစ်ပါတယ်။

ရုတ်တရက် ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ ဦးမင်းစိန်အတွက် အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူ သူ့ရဲ့ ချစ်ပရိသတ်တွေက ထောက်ပံ့ငွေများဖြင့် တတ်နိုင်တဲ့ အဘက်ဘက်ကနေ ကူညီထောက်ပံ့ ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ဆင်းရဲကြပ်တည်းလှတဲ့ ဘဝကြီးထဲကနေ အပြီးတိုင် စွန့်ခွာသွားခဲ့ပြီဖြစ်တဲ့ မင်းစိန်ကတော့ အနေလှမသွားရှာပေမယ့် အသေလှသွားခဲ့ရပြီပဲဖြစ်ပါတယ်။ အသေလှသွားခဲ့ရှာရတဲ့ မင်းစိန်ရဲ့ နောက်ဆုံးခရီးကို ယနေ့ ဇန်နဝါရီလ ၇ ရက် နေ့လည် ၁ နာရီအချိန်မှာ အပြီးတိုင် မီးသဂြိုလ်ခဲ့တာပဲဖြစ်ပါတယ်။

မင်းစိန်ရဲ့ နောက်ဆုံးခရီးကို အနုပညာရှင်များစွာတို့ကလည်း စိတ်မကောင်း ဝမ်းနည်းစွာဖြင့် လိုက်လံပို့ဆောင် ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ ဦးမင်းစိန်အတွက် မိသားစုဝင်တွေက ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေခဲ့ကြတဲ့အတွက် အနုပညာရှင်များစွာတို့က မိသားစုဝင်တွေကို ကြည့်ပြီး စာနာသနား နေခဲ့ကြရတာပဲဖြစ်ပါတယ်။

ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ဦးမင်းစိန်အတွက် ပူဆွေးသောက ရောက်နေရှာတဲ့ ဇနီးသည်ကို နှစ်သိမ့်အားပေး ဖေးမနေခဲ့တဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ မြင်ကွင်းပုံရိပ်

အနေမလှသွားရပေမယ့် အသေလှသွားရရှာတဲ့ လူကြမ်းမင်းသားကြီး ဦးမင်းစိန်အတွက် နောက်ဆုံးဆုတောင်း စကားလုံးလေးတွေနဲ့ ဆုတောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။