ညစ်ညမ်းဇာတ်ဝင်ခန်းတွေရိုက်ရတဲ့ ခံစားချက်ကို ဖွင့်ပြောပြလာတဲ့ သရုပ်ဆောင်များ

Posted on - Jan 9 []

Douglas Thura

စာရေးသူ

Hollywood က မင်းသား၊ မင်းသမီးတွေဟာ ဇာတ်ကားတွေထဲမှာ မဖွယ်မရာဇာတ်ဝင်ခန်းတွေကို ရိုက်ကူးတဲ့အခါ သာသာယာယာလေးသရုပ်ဆောင်သွားတာကို တွေ့ ရပေမဲ့ တစ်ကယ့်ရိုက်ကွင်းမှာတော့ ပရိသတ်တွေမြင်နေကြသလို မသာယာလှပါဘူး။ ကမ္ဘာကျော်ဆယ်လီဘရစ်တီတစ်ချို့ ဟာ တွဲဖက်သရုပ်ဆောင်တွေနဲ့ အတူ လိင်ပိုင်းဆိုင်ရာပြုမူတဲ့ ညစ်ညမ်းဇာတ်ဝင်ခန်းတွေမှာ သရုပ်ဆောင်ခဲ့ရတဲ့ ခံစားချက်အတွေ့ အကြုံတွေကို ပရိသတ်တွေသိအောင် မျှဝေပြောပြခဲ့ကြပါတယ်။

Daniel Radcliffe ( Kill Your Darlings )

Harry Potter မင်းသားချော Daniel Radcliffe က Kill Your Darlings ဇာတ်ကားထဲမှာ Gay အဖြစ်သရုပ်ဆောင်ခဲ့ရတာနဲ့ ပတ်သက်ပြီး ... " ကျွန်တော် ပထမဆုံးအကြိမ်ရိုက်ခဲ့ဖူးတဲ့ လိင်တူချင်းချစ်ကြိုက်တဲ့ဇာတ်ကားပေါ့နော်။ ရိုက်ကူးနေတုန်းမှာ တော်တော်လေး နာကျင်ခံစားရပါတယ်။ သရုပ်ဆောင်တာတော်လွန်းလို့ လည်း ဒါရိုက်တာကတောင် ဒါမျိုး Gay Character နဲ့ ကွက်တိသရုပ်ဆောင်နိုင်တာ မတွေ့ ဖူးသေးဘူးလို့ တော့ ချီးကျူးရှာပါတယ်။ " လို့ ဝမ်းနည်းဝမ်းသာနဲ့ ဖွင့်ပြောပြခဲ့ပါတယ်။

Ashton Kutcher ( No String Attached )

No String Attached ဇာတ်ကားမှာ မင်းသမီးချော Natalie Portman နဲ့ ချစ်ရည်လူးရတဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး မင်းသား Ashton Kutcher က ... " ကျွန်တော်ကတော့ အဲ့အခန်းမရိုက်ခင် အရင်ဆုံး မင်းသမီးကို တောင်းပန်ထားတယ်။ တစ်ကယ်သရုပ်ဆောင်တော့လည်း အဆင်ပြေပြေနဲ့ ပဲ ရိုက်ကူးပြီးသွားပါတယ် " လို့ ဆိုပါတယ်။

Dakota Johnson ( Fifty Shades Trilogy )

နုာမည်ကျော် အချစ်ရုပှ်ရှင်ဇာတ်ကားဖြစ်တဲ့ Fifty Shades အပိုင်းတွေထဲမှာ ကိုယ်လုံးချွတ်ပြီး လိင်ပိုင်းဆိုင်ရာအပြုအမူတွေများစွာလုပ်ခဲ့ရတဲ့ မင်းသမီး Dakota Johnson က ... " ဒီလိုဇာတ်ဝင်ခန်းတွေကို တစ်ကားလုံးနီးပါးရိုက်ကူးခဲ့ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရိုက်ကူးနေတဲ့တစ်ချိန်လုံး ချွေးတွေရွှဲနေပြီး တော်တော်လေးကို အဆင်မပြေဖြစ်ရတယ် " လို့ ပြောပြခဲ့ပါတယ်။

Jennifer Lawrence ( Passengers )

Passengers ရုပ်ရှင်ဇာတ်ကားမှာ မင်းသားချော Chris Pratt နဲ့ အတူ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေရိုက်ကူးခဲ့ရတဲ့ မင်းသမီး Jennifer Lawrence က ... " အဲ့တုန်းက ကျွန်မတစ်ကယ်ကို မူးနေတာလေ ... ဒါပေမဲ့ ဇာတ်ကားရိုက်ပြီး အိမ်ပြန်ရောက်တော့ကျ ငါဘာတွေလုပ်ခဲ့ပါလိမ့်... မသိတော့ဘူးကွာ ဆိုပြီး တွေးခဲ့ရပါတယ်။ ပြီးတော့ သူက အိမ်ထောင်သည်လေ... ကျွန်မ အိမ်ထောင်ရှိတဲ့အမျိုးသားတစ်ယောက်ကို မနမ်းခဲ့ဖူးဘူး။ ဇာတ်ကားရိုက်တာဆိုပေမဲ့လည်း အဲ့ဒါကို အပြစ်ကျူးလွန်ထားသလိုပဲ ခံစားမိနေတယ်" လို့ ဖွင့်ပြောပြခဲ့ပါတယ်။

Jennifer Lopez ( The Boy Next Door )

Jennifer Lopez က The Boy Next Door ဇာတ်ကားထဲမှာ လိင်ပိုင်းဆိုင်ရာပြုမူတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ... " အဲ့ကိစ္စကအကြီးကြီးပေါ့နော်။ အဲ့ဇာတ်ဝင်ခန်းတွေရိုက်ရတာ တော်တော်လည်း ရှက်ဖို့ ကောင်းပါတယ်။ အတူရိုက်ရတဲ့ မင်းသားကတော့ မျက်နှာပူစရာမလိုအောင် အတတ်နိုင်ဆုံးကူညီပေးခဲ့ပေမဲ့လည်း အဲ့အခန်းတွေရိုက်ရတာ တော်တော့်ကို သက်တောင့်သက်သာမရှိလှပါဘူး " လို့ ပြောပြခဲ့ပါတယ်။

Justin Timberlake ( Friends With Benifits )

အဆိုတော်/မင်းသား Justin Timberlake ကလည်း ... " အဲ့လိုအခန်းတွေရိုက်ရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ အဲ့အခန်းတွေရိုက်နေရတဲ့တစ်ချိန်လုံးမှာ ထိတ်လန့် ပြီး တော်တော်လေးပင်ပန်းရပါတယ် " ဆိုပြီး Friends With Benefits ဇာတ်ကားထဲက ချစ်ရည်လူးတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ပြောပြခဲ့ပါတယ်။

Jake Gyllenhaal ( Love & Other Drugs )

Love & Other Drugs ဇာတ်ကားမှာ မင်းသမီးချော Anne Hathaway နဲ့ အတူ Bed Scene တွေရိုက်ကူးခဲ့ရတဲ့ မင်းသား Jake Gyllenhaal က ... " ဒါ အံ့သြစရာတော့မဟုတ်ပါဘူး။ သရုပ်ဆောင်ရတာ ကျွန်တော်တို့ အလုပ်ပဲလေ။ သရုပ်ဆောင်တစ်ယောက်ရဲ့ ခက်ခဲတဲ့အချိန်တွေဟာ ဒီလိုအခန်းတွေရိုက်ကူးရတဲ့အချိန်ပေါ့" လို့ ပြောပြခဲ့ပါတယ်။

Ref : EOnline
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။