အသဲကွဲတဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ခြူးလေး

Posted on - Jan 9 []

Moe Kalay

စာရေးသူ

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ စိတ်မကောင်း စရာသတင်းလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။


ခြူးလေး က သူ့ရဲ့ချစ်သူနဲ့ လမ်းခွဲပြီး အသဲကွဲဒဏ်ကို မခံစားနိုင်တာကြောင့် ကိုယ့်ကိုသတ်သေဖို့ကြိုးစားတယ်လို့သိရပါတယ်။ ၂နှစ်ကျော် ၃နှစ်နီးပါးတွဲလာတဲ့ ချစ်သူနဲ့ ခဏလေးအတွင်း လမ်းခွဲခဲ့ပြီး သူမ ခံစားနေရတဲ့ ဝေဒနာကို ရင်မဆိုင်ရဲတာကြောင့် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်လို့ ခုလိုပြောပြထားပါတယ်။

"ခုချိန်ထိစိတ်မကောင်းဖြစ်နေရတယ် ညီမလေးရယ်
အသဲကွဲတဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင်လုပ်ရလား ညီမလေးရယ် ကံကောင်းလို့ပေါ့ ညက အမတို့အဖွဲအချိန်မှီ တိုက် ခေါင်မိုးပေါ် ရောက်မလာရင် 😞😞😞😔အလုပ်တွေအများကြီးလုပ်ရဦးမယ်ညီမလေးအောင်မြင်မှူ့တွေရှာရဦးမယ် ညီမလေးရဲ့ မိသားစုကို စောက်ရှောက်ရဦးမယ်လေ အားတင်းထားပါ ကံတရားလို့ပဲတွေးလိုက်ပါ
အမတို့လည်းနားလည်ပါတယ် ၂ နှစ်ကျော် ၃နှစ်နီးပါ သံယောစဉ်ကို၂ လနီးပါးအချိန်လောက်လေးနဲ့ မေ့ပစ်ဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ် အနုပညာလုပ်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာမိပါတယ် မေ့လိုက်ပါ ညီမလေး"

"အလုပ်ပြီးချိန်ညရောက်တိုင်း အမအခန်းထဲမှာ လူးလှိမ့်နေအောင် လာလာငိုရင် အမတို့တစ်ဖွဲ့လုံးပါ အမြဲလိုက်ငိုရတယ် 😔ညီမလေး အဆင်မပြေတာတွေ ဘဝအကြောင်းတွေ အသဲကွဲတဲ့ အကြောင်းတွေကြားရတိုင်း ရင်ထဲ့စို့တတ်လာရတယ် ညီမလေးကို အရင်ထဲကချစ်တာပါ အမေမရှိတော့ပေမဲ့ မိသားစုမှာ အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်ကိုအပြည့်အဝယူပေးနေရရှာတယ် အငယ်တွေရှေ့မှာ မျက်ရည်မကျပြပဲ ဟန်ဆောင်ပြုံးနေရှာရတယ် အဆင်မပြေခြင်းတွေအမြန်ကုန်ဆုံးပါစေ အရာရာဟာ အချိန်တန်ရင်ပြီးသွားမှာပါ Fighting naw အဆင်ပြေပါစေညီမလေး" ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် ခြူးလေးရဲ့ စိတ်မကောင်းစရာသတင်းကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးကလည်း ခြူးလေးနေပြန်ကောင်းဖို့ ဆုတောင်းပေးလိုပ်ကြပါဦးနော်။

Moekalay
Source;ju jue pan htwar's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။