ထုတ်လွှင့်ခဲ့တာ ၁၀နှစ်ကြာပြီဖြစ်တဲ့ F4 ကို ၂၀၁၉ ခုနှစ်မှာသာ ပြန်လည်ရိုက်ကူးမယ်ဆိုရင်

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

မြန်မာပရိတ်သတ်တွေသာမက တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေက ကြိုက်နှစ်သက်ကြတဲ့ F4 ဟာ အခုဆိုရင်ထုတ်လွှင့်ခဲ့တာ ၁၀နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အကယ်၍သာ အဆိုပါဇာတ်လမ်းတွဲကို ၂၀၁၉ခုနှစ်မှာပြန်လည်ရိုက်ကူးခဲ့မယ်ဆိုရင်.....

ယခုရောက်ရှိနေတဲ့ ၂၀၁၉ခုနှစ်မှာဆိုရင်တော့ သမိုင်းဝင်ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တဲ့ "Boys over Flowers" ဟာထုတ်လွှင့်ပြသပြီးစီးခဲ့တာ ၁၀စုနှစ်တစ်စုတိုင်ခဲ့ပါပြီ။ Boys over Flowers ဇာတ်လမ်းတွဲဟာဆိုရင် တောင်ကိုရီးယားမှာ ကြည့်ရှုသူအများအပြားရရှိခဲ့သလို အာရှတလွှားလည်းနာမည်ကျော်ကြားခဲ့ပါတယ်။

မင်းသမီးဖြစ်သူ Goo Hyesun နဲ့ မင်းသား(၄)ယောက်ဖြစ်သူ Lee Minho, Kim Hyunjoong, Kim Bum, Kim Joon and Kim Soeun တို့အပြိုင်သရုပ်ဆောင်ခဲ့တဲ့ အဆိုပါဇာတ်လမ်းတွဲဟာ KBS2 ရုပ်သံကနေထုတ်လုပ်ခဲ့တာဖြစ်ပြီး ဇန်န၀ါရီလ ၅ရက် ၂၀၀၉ခုနှစ်ကနေ မတ်လ၃၁ရက် ၂၀၀၉ခုနှစ်အထိပြသထုတ်လွှင့်ခဲ့တာဖြစ်ကာ အပိုင်း(၂၅)ပိုင်းပါဝင်ခဲ့ပါတယ်။

အဆိုပါဇာတ်လမ်းတွဲဟာ ချမ်းသာပြီးမောက်မာတဲ့မင်းသားဖြစ်သူ ရယ် သူ့သူငယ်ချင်းတွေနဲ့ သာမန်ကောင်မလေး ဖြစ်တဲ့ မင်းသမီကြားက အဖြစ်အပျက်လေးကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲရိုက်ကူးတာ ဆယ်စုနှစ်ပြည့်ပြီဖြစ်တာကြောင့် ၁၀နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မီဒီယာသတင်းဋ္ဌာနတစ်ခုက 'F4 သာပြန်လည်ရိုက်ကူးမယ်ဆိုရင်' လို့အမည်ရတဲ့ ခေါင်းစဉ်အောက်ကနေ သင့်တော်မယ့်နာမည်ကြီးမင်းသား (၄)ယောက်ကိုရွေးချယ်ထားခဲ့ပါတယ်။ ဘယ်သူတွေဖြစ်မလဲ၊ ဒါမမဟုတ် ဘယ်သူကတော့ သင့်တော်မလဲဆိုတာကို မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

1. ခေါင်းဆောင်မင်းသားဖြစ်သူ Go Junpyo အနေနဲ့ Woo Dohwan

Woo Dohwan

2. ဒုတိယမင်းသားဖြစ်သူ Yoon Jihoo အနေနဲ့ Cha Eunwoo တစ်ဖြစ်လဲ

Cha Eunwoo

3.So Leejung အနေနဲ့ Seo Kangjun

seo kang joon

4.Song Woobin အနေနဲ့ Jisoo

သင်သာဆိုရင်ကော ဘယ်မင်းသားက ဘယ်ဇာတ်ကောင်နဲ့လိုက်ဖက်မယ်လို့ထင်လဲ။

GI GI(momolay)
Source : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။