ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့ ဝေဖန်မှုတွေကို ဖြေရှင်းလိုက်တဲ့ ဟိန်းကိုကိုကျော်

Posted on - Jan 9 []

Myint Myat

စာရေးသူ

ပြီးခဲ့တဲ့ နှစ်တွေက အရမ်းချစ်ကြတဲ့ စုံတွဲလေးတွေအဖြစ် ပရိသတ်တွေက အချစ်ပိုခဲ့ကြရတဲ့ သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဟိန်းကိုကိုကျော်နဲ့ ခြူးလေးတို့နှစ်ဦးကတော့ မကြာသေးခင်ကပဲ လမ်းခွဲပြတ်စဲခဲ့ကြတယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခြူးလေးက အသည်းကွဲတဲ့ဝေဒနာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဟိန်းကိုကိုကျော်တစ်ယောက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အဆိုပါဝေဖန်မှုတွေကိုတော့ ဟိန်းကိုကိုကျော်က လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ ဟိန်းကိုကိုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဟိန်းကိုကိုကျော်ကတော့ "ကိုယ့်ကိုကိုယ်တောင် မျက်စိလည်တယ် ဘယ်သူကဘယ်သူ့ကို ဖြတ်သွားတာလဲဟင်... MCမှာ Single is the Bestလို့ ဖြေခဲ့တာဘယ်သူလဲဟင်... ကိုယ့်ဘဝနဲ့ကိုယ်အေးချမ်းစွာနေပါရစေ...ဒုက္ခတွေ မပေးကျပါနဲ့တော့..." ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာ ပြတ်ပြတ်သားသား ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

ဟိန်းကိုကိုကျော်နဲ့ ခြူးလေးတို့နှစ်ဦးကတော့ ဗီဒီယိုဇာတ်ကားတွေ၊ ဇတ်လမ်းတွဲတွေမှာလည်း အတူတွဲပြီး သရုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်။ သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း ၃ နှစ်နီးပါးမှာ လမ်းခွဲပြတ်စဲခဲ့ကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး ဖြေရှင်းလိုက်တဲ့ ဟိန်းကိုကိုကျော်ရဲ့အကြောင်းကို ဘယ်လိုမြင်လဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Hein Ko Ko Kyaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။