Master Chef Myanmar ပြိုင်​ပွဲမှ ဒိုင်​တစ်​ဦးဖြစ်​တဲ့ ပြင်​သစ်​လူမျိုး Michel ကွယ်​လွန်

Posted on - Jan 9 []

Rowena

စာရေးသူ

လတ်​တ​လော ပရိသတ်​​တွေကြားမှာ ​ရေပန်းစား​နေတဲ့ အစီအစဉ်​တစ်​ခုဖြစ်​တဲ့ Master Chef ဟင်းချက်​အစီအစဉ်​ဟာ ​အ​​မေရိကန်​နိုင်​ငံမှာ နာမည်​ကြီး အစီအစဉ်​တစ်​ခုဖြစ်​​ပြီး မြန်​မာနိုင်​ငံကို​တော့ အခုမှ ​ရောက်​ရှိလာတာဖြစ်​ပါတယ်​။ အခုဆိုရင်​ Master Chef ပြိုင်​ပွဲကြီးက ပြီးဆုံးဖို့ နီးကပ်​​နေပြီဖြစ်​ပြီး အရှိန်​အဟုန်​ကလဲ ​တော်​​တော်​​လေးမြင့်​​နေပါပြီ။ ပြိုင်​ပွဲဝင်​​တွေကလဲ အ​ကောင်းဆုံးကြိုးစားပြီး ယှဉ်​ပြိုင်​ခဲ့တဲ့အတွက့်​ ပရိသတ်​​တွေအတွက်​ လက်​မလွတ်​နိုင်​တဲ့ အစီအစဉ်​တစ်​ခုဖြစ်​​နေတာပါ။

Master Chef ပြိုင်​ပွဲလို့ဆိုရင်​ ပြိုင်​ပွဲဝင်​​တွေသာမက အကဲဖြတ်​အမှတ်​​ပေးတဲ့ ဒိုင်​လူကြီး​တွေကိုလဲ ​မေ့ထားလို့မရပါဘူး။ သမာသမတ်​ကျကျနဲ့ အ​ကောင်းဆုံး​တွေကို သင်​ကြားပြသ​ပေး​နေတဲ့ ဒိုင်​သုံးဦးကိုလဲ ပရိသတ်​​တွေက နှစ်​ခြိုက်​သ​​ဘောကျကြပါတယ်​။

စိတ်​မ​ကောင်းစွာနဲ့ပဲ Master Chef Myanmar မှ ဒိုင်​တစ်​ဦးဖြစ်​တဲ့ Michel Louis Meca ဟာ ယ​နေ့(ဇန်​နဝါရီလ ၉)ရက်​​နေ့မှာပဲ ပြင်​သစ်​နိုင်​ငံမှာ ကွယ်​လွန်​အနိစ္စ​ရောက်​သွားပါပြီ။ Michel ဟာ ရုတ်​တရက်​ နှလုံးရပ်​ကာ ကွယ်​လွန်​သွားခဲ့တာလို့ သိရပါတယ်​။

Michel ကွယ်​လွန်​သွား​ကြောင်း ​Master Chef Myanmar အစီအစဉ်​တင်​ဆက်​သူ ​ကောင်းထက်​​ဇော်​က အတည်​ပြု​ပြောဆို​ပေးထားပါတယ်​။

ပရိသတ်​ကြီးလဲ တီဗီဖန်​သားပြင်​​ပေါ်မှာ မြင်​​တွေ့​နေကျ Michel ကွယ်​လွန်​သွားလို့ စိတ်​မ​ကောင်းဖြစ်​​နေကြမယ်​ထင်​ပါတယ်​။ ဒီပို့စ်​လေးကို Like & Share လုပ်​ပြီးလဲ မျှ​ဝေ​ပေးပါဦး​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့အတွက်​ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Rowena
Source: Kaung Htet Zaw's fb
Photo: Master Chef Myanmar fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။