2019 ခုနှစ်မှာ စစ်တပ်ထဲကပြန်လာတော့မယ့် Idol တွေနဲ့ ပြန်လာမယ့် ရက်အတိအကျကိုသိရပြီ

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

၂၀၁၉ခုနှစ်မှာပဲ Idol တွေ တော်တော်များများ စစ်တပ်ထဲက ပြန်လာတော့မှာပဲဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ comeback တွေမှာ သင်ပါ ပါဝင် join လို့ ရတော့မှာဖြစ်ပါတယ်။ ဘယ် idol တွေကတော့ ဘယ် နေ့မှာပြန်လာမလဲဆိုတာကိုမိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

Beenzino - February

မြန်မာပရိတ်သတ်တွေနဲ့ သိပ်မရင်းနှီးတဲ့ “Dali Van Picasso” အဖွဲ့က rapper ဖြစ်သူဟာ ၂၀၁၉ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲ ပြန်လာတော့မှာဖြစ်ပါတယ်။ Beenzino ရဲ့နေ့စဉ်ဘ၀ကို သူ့ချစ်သူကောင်မလေးဖြစ်တဲ့ Stefanie Michova ရဲ့ instagram account မှတစ်ဆင့်မြင်တွေ့နိုင်ပြီး ပရိတ်သတ်တွေကတော့ သူ့ရဲ့သီချင်းအသစ်တွေကို ပြန်လည်နားထောင်နိုင်တော့မှာပဲဖြစ်ပါတယ်။

Super Junior’s Kyuhyun - May 7

Super Junior ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Kuyhyun ကတော့ သူ့ရဲ့စစ်မှုထမ်းဆောင်ခြင်းဟာ မေလ၇ရက်နေ့မှာပဲ ပြီးဆုံးမှာသေချာသွားပါပြီ။ ပရိတ်သတ်တွေကတော့ Kyuhyun တစ်ယောက် variety show တွေမှာပြန်ပါလာဖို့၊ ပြီးတော့ musical တွေမှာဖျော်ဖြေတာကို မြင်ရဖို့အတွက် မစောင့်နိုင်လောက်အောင်ကိုဖြစ်နေကြပါပြီ။

2PM’s Taecyeon - May 16

Taecyeon ဟာ အမေရိကားမှာနေထိုင်ခွင့်ရခဲ့တဲ့ Green Card ကိုပယ်ချခဲ့ပြီး စစ်မှုထမ်းဆောင်ဖို့ရာအတွက် ကျောရိုးအဆစ်ကိုတောင် ခွဲစိတ်ကုသခဲ့သူပါ။ Gyeonggi ပြည်နယ်၊ တပ်မတော်ဋ္ဌာနခွဲ(၉)မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။ တိုင်းပြည်တာဝန်ကျေပွန်ချင်တဲ့ နိုင်ငံကြီးသားကောင်းပီသသူ Taecyeon ကတော့ မေလ၁၆ရက်နေ့မှာပဲပြန်လာတော့မှာဖြစ်ပါတယ်။

Akdong Musician’s Chanhyuk - May 29

မောင်နှမ၂ယောက်နဲ့ဖွဲ့စည်းထားတဲ့ Akdong Musician အဖွဲ့ထဲက အကိုကြီးဖြစ်သူကတော့ စစ်မှုထမ်းဆောင်နေခဲ့တာ မေလ ၂၉ရက်နေ့မှာပဲပြန်လာတော့မှာဖြစ်ပါတယ်။

Lee Joon - September 25

Lee Joon ဟ တပ်သား ၁၈၃ယောက်ထဲမှာ အမှတ်အများဆုံးရရှိခဲ့တဲ့ သင်တန်းသားဖြစ်တာကြောင့်ာ တပ်ရင်း အပတ်စဉ်(၈)မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မတ်လ ၂၀၁၈ခုနှစ်မှစတင်ပြီး ပြည်သူ့လုပ်အားပေးအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ Lee Joonဟာ ၂၀၁၉ခုနှစ်စက်တင်ဘာ ၂၅ရက်နေ့မှာပြန်လာတော့မှာပဲဖြစ်ပါတယ်။

Big Bang's T.O.P, G-Dragon, Taeyang, and Daesung - June, October, November

Big Bang အဖွဲ့သား၅ယောက်ထဲက ၄ယောက်က နောက်ဆုံးမှာ ပြန်လာတော့မှာပဲဖြစ်ပါတယ်။ ဇွန်လကစလို့ စစ်တပ်ထဲက အရင်ဆုံးထွက်လာမယ့်သူဟာ T.O.P ဖြစ်ပြီး အောက်တိုဘာ ၂၆မှာ GD, နဲ့ Taeyang နဲ့ Daesung တို့ကတော့ နိုဝင်ဘာလထဲမှာ ထွက်လာတော့မှာဖြစ်ပါတယ်။

CNBLUE’s Yonghwa - November 3

သူကတော့ နိုဝင်ဘာ၃ရက်နေ့မှာ ထွက်လာတော့မှာပဲဖြစ်ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။