သူစဖြတ်တုန်းက နာကျင်ခံစားခဲ့ရတဲ့အချိန်မှာကျတော့ ဒီလိုမျိုး အုံးအုံးကျွက်ကျွက်ဘယ်သူမှမရှိကြဘူးလို့ ထုတ်ပြောလာတဲ့ ဟိန်းကိုကိုကျော်

Posted on - Jan 10 []

Myint Myat

စာရေးသူ

လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ အချစ်ပိုခဲ့ကြရတဲ့ သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဟိန်းကိုကိုကျော်နဲ့ ခြူးလေးတို့နှစ်ဦးကတော့ မကြာသေးခင်ကပဲ လမ်းခွဲပြတ်စဲခဲ့ကြတယ်လို့ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အချစ်ကြောင့် ခံစားခဲ့ကြရတဲ့ သူတို့နှစ်ဦးလုံးက ကိုယ်စီဒဏ်ရာတွေအပြည့်နဲ့ရှိနေခဲ့တာဖြစ်ပြီး ခြူးလေးကတော့ အသည်းကွဲတဲ့ဝေဒနာကို မခံစားနိုင်လို့ သေကြောင်းကြံဖို့အထိတွေတောင် ဖြစ်ခဲ့တာပါ။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး အကြောင်းအရာကို သေချာမသိပဲ ဝေဖန်နေကြတဲ့သူတွေအတွက် သရုပ်ဆောင် ဟိန်းကိုကိုကျော်က မိုမိုလေးကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့တာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ ဟိန်းကိုကိုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးတစ်ယောက် သေကြောင်းကြံဖို့ ကြိုးစားခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့ ဟိန်းကိုကိုကျော်က "ဒီသတင်းကို စသိခဲ့တာက သူမက်ဆေ့ခ်ျလှမ်းပို့လို့ ကျွန်တော်သိခဲ့တာပေါ့နော် အဲ့လိုဖြစ်တဲ့အချိန်မှာမှ ကျွန်တော် အွန်လိုင်းမှာတင်လိုက်တဲ့ အမတစ်ယောက်ကို အမြန်ဖုန်းဆက်ပြီး အမရေဆိုပြီး အကျိုးအကြောင်းတွေ ပြောလိုက်တော့ သူတို့သွားကြည့်ကြပြီး အတင်းပြန်ဆွဲထားတယ်လို့ ပြောပါတယ်ဗျ ဒီမတိုင်ခင်မှာတော့ ကြားထဲမှာ အဆက်အသွယ်ရှိလိုက်တယ် သူပြောပြတယ် စိတ်ဆိုးစိတ်ကောက်ဖြစ်ခဲ့တာပါ တကယ်ဖြတ်ခဲ့တာမဟုတ်ပါဘူး သူ့စိတ်ကမပြတ်နိုင်သေးပါဘူးဆိုပြီး အဲ့လိုအကြောင်းတွေတော့ သူပြောပြတယ်ဗျ

အဲ့လိုပြောတဲ့အချိန်မှာ ကျွန်တော်သည် သူစဖြတ်တုန်းက နာကျင်ခံစားခဲ့ရတဲ့အချိန်မှာကျတော့ ဒီလိုမျိုး အုံးအုံးကျွက်ကျွက်ဘယ်သူမှမရှိကြဘူး နေသာသလို နေခဲ့ကြတယ် ကျွန်တော်သည် မရမကကြိုးစားတယ် ဆက်သွယ်ပြီးပြောတယ် အကုန်လုံးက လျစ်လျှူရှုပြီး ကျွန်တော့်ကို ပစ်ထားတယ် ပစ်ထားတယ်ဆိုတာထက် ဘာမှကို မကူညီပေးကြတာပေါ့နော် အဲ့ဒီအချိန်မှာ ကျွန်တော်က ကိုယ့်စိတ်ကိုအကောင်းဆုံးပြင်ဆင်လိုက်ပြီးမှ အခုလိုဖြစ်လာတယ်ဆိုတော့ ကျွန်တော့်စိတ်ထဲမှာ နေသားကျနေပါပြီ ဘာမှမရှိတော့ပါဘူးလို့" ပြောထားတာပဲ ဖြစ်ပါတယ်။

ဟိန်းကိုကိုကျော်ကတော့ လက်ရှိမှာ ချစ်သူအသစ်နဲ့ တည်ငြိမ်အေးချမ်းတဲ့ အချစ်ရေးကို တည်ဆောက်ထားတာဖြစ်ပြီး ချစ်သူသက်တမ်း ၁လပြည့်တော့မယ်လို့လည်း သိရပါတယ်။

ဟိန်းကိုကိုကျော်ကတော့ ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး လတ်တလောခံစားချက်တွေအကြောင်းကိုတော့ "ကျွန်တော်အခု နေသားတကျဖြစ်နေပြီ ကျွန်တော်ဘဝသစ်တစ်ခုဖြစ်နေပြီ ပြီးတော့ကျတော့ ကျွန်တော့်မိသားစုနဲ့လည်း အေးအေးချမ်းချမ်းပျော်ရွှင်နေပြီဆိုတော့ ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိလည်းမရှိချင်တော့ဘူး ဘာမှလည်းမပတ်သတ်ချင်တော့ဘူး အဖြူသက်သက်ဖြစ်သွားပြီ" လို့ ပြတ်ပြတ်သားသား ပြောခဲ့တာ တွေ့ရပါတယ်။

ဟိန်းကိုကိုကျော်ကတော့ ဝေဖန်နေကြတဲ့သူတွေကို ကာယကံရှင်တွေကသာ အသိဆုံးဖြစ်ပြီး ဖေ့စ်ဘုတ်ပေါ်တက်ပြီး ဖိုတိုကွန်းမန့်တွေ တက်ပေးတာလောက်နဲ့တော့ ကျွန်တော့်ခေါင်းထဲမှာ သိပ်မရှိဘူးဆိုပြီးလည်း ပြောသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေရော ဟိန်းကိုကိုကျော်ရင်ဖွင့်လာတဲ့ အကြောင်းအရာတွေအပေါ် ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Momolay TV's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။