Son Ye Jin နဲ့ Hyun Bin တို့ date လုပ်နေတဲ့သတင်းကို အေဂျင်စီအသီးသီးမှ သတင်းထုတ်ပြန်

Posted on - Jan 10 []

Theingi Kyaw

စာရေးသူ

Son Ye Jin နဲ့ Hyun Bin တို့ဟာ date လုပ်နေတဲ့သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဇန်န၀ါရီ ၉ရက်မှာ အဆိုပါ အနုပညာရှင် ၂ယောက်ဟာ L.A မှာ တူတူခရီးထွက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။

"Son Yejing နဲ့ Hyun Bin တို့၂ယောက်သား ပျော်ပျော်ကြီးခရီးထွက်နေတာကို မြင်ခဲ့တယ်။ Son Yejing မိဘတွေနဲ့ U.S မှာ တူတူစားသောက်နေတာကိုလည်းတွေ့ခဲ့တယ်။" လို့ အဆိုပါသတင်းက ဆိုပါတယ်။

အဆိုပါ သတင်းနဲ့ပတ်သတ်ပြီး Son Yejin ရဲ့ အေဂျင်စီက ယခုလိုပဲတုန့်ပြန်ခဲ့ပါတယ်။ "အဲ့ဒီသတင်းက မမှန်ပါဘူး။ Son Yejin က လတ်တလောမှာ ခရီးထွက်နေတာမှန်ပါတယ်။ ဒါပေမယ့်လည်း သူ တစ်ယောက်တည်းသွားတာပါ။ အမြဲလိုလို တစ်ယောက်တည်း ခရီးသွားရတာကို နှစ်ခြိုက်တဲ့သူပါ။ Son Yejin ရဲ့မိဘတွေကလည်း လောလောဆယ် ကိုရီးယားမှာပဲရှိပါသေးတယ်။ ဒါကြောင့် သူတို့တွေ U.S မှာ ခရီးတူတူထွက်ပြီး ညနေစာ တူတူစားကြတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။" လို့တုန့်ပြန်ခဲ့ပါတယ်။

အဆိုပါသတင်းနဲ့ပတ်သတ်ပြီး Hyunbin ရဲ့အေဂျင်စီကလည်း ယခုလိုပဲတုန့်ပြန်ခဲ့ပါတယ်။ "Hyunbin ဟာ U.S ကို စီးပွားရေးကိစ္စတစ်ခုနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် သွားတာပါ။ သူတို့၂ယောက် တူတူခရီးသွားတယ် ဆိုတာမဟုတ်ပါဘူး။ " လို့ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

Son Ye Jin နဲ့ Hyun Bin တို့ဟာ ၂၀၀၈ခုနှစ်မှာ “The Negotiation” ဆိုတဲ့ဇာတ်ကားမှာ တူတူပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ လူပျိုကြီးနဲ့ အပျိုကြီးတို့ရဲ့အချစ်ရေးဟာ သွေးအေးနေဆဲပဲဖြစ်ပါတယ်။ ၂ယောက်စလုံး တွဲမယ်ဆိုရင်လည်း တကယ်ကိုလိုက်ဖက်ညီတဲ့စုံတွဲဖြစ်မှာ အမှန်ပါပဲနော်။

GI GI(momolay)
Source : Soompi

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။