Hollywood မှာ နေ့ လည်စာအတူစားဖို့ ဒိတ်ကြပြန်တဲ့ ဂျက်စတင်ဘီဘာတို့ ဇနီးမောင်နှံ

Posted on - Jan 10 []

Douglas Thura

စာရေးသူ

July လထဲမှာ ပရိသတ်တွေကို ရှော့ခ်အကြီးကြီးရသွားအောင် Surprise လုပ်လိုက်တဲ့ အနုပညာရှင်စုံတွဲကတော့ Been You သီချင်းအဆိုတော် Justin Bieber နဲ့ မော်ဒယ်မလေး Hailey Baldwin တို့ စုံတွဲပဲဖြစ်ပါတယ်။ ရည်းစားပေါင်းထည်လဲတွဲခဲ့တဲ့ Justin ဟာ ချစ်သူဟောင်း Hailey ကို စေ့စပ်ခွင့်တောင်းလိုက်တဲ့သတင်းဟာ အင်တာနက်တစ်ခွင်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့အပြင် ပရိသတ်တွေကြားမှာလည်း ဂယက်ပေါင်းစုံထခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ယောက်အတူ ခရီးပေါင်းစုံထွက်လေ့ရှိတဲ့ Justin နဲ့ Hailey တို့ ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကလည်း Hollywood မှာ နေ့ လည်စာအတူစားဖို့ ထွက်လာတာကို တွေ့ ရပါတယ်။

Fashion King လို့ တင်စားရလောက်အောင် အထာကျကျဝတ်တတ်လွန်းတာကြောင့် ဆယ်ကျော်သက်ယောက်ျားလေးပရိသတ်တိုင်းလိုလို အားကျအတုခိုးနေရတဲ့ Justin ကတော့ အနက်ရောင် ဟူဒီအင်္ကျီတစ်ထည်ကို အပြာရောင် sweatpant တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး နေကာမျက်မှန်လည်း တပ်ထားတာတွေ့ ရပါတယ်။

အသက်(၂၂)နှစ်ရှိပြီဖြစ်တဲ့ ဇနီးချောလေး Hailey ကတော့ မိုးပြာရောင် လက်ရှည်ရှပ်အင်္ကျီကို မိုးပြာရောင်ဂျင်းဘောင်းဘီရှည်နဲ့ အရောင်ဆင်တူဝတ်ဆင်လာတာ တွေ့ ရပါတယ်။

နတ်ဖက်တဲ့စုံတွဲလေးလို ရှေ့ သွားနောက်လိုက်ညီလွန်းနေတဲ့ Justin နဲ့ Hailey

ဇနီးချောလေးမစားသေးခင် အရသာကောင်း၊မကောင်း အစမ်းမြည်းပေးနေပုံရတဲ့ Justin (ဘယ်လိုတွေတောင် ချစ်တတ်နေတာလဲ ကို JB ရယ်)

Justin တစ်ယောက်ကတော့ Hailey နဲ့ ကျမှ သဲသဲလှုပ်ကိုဖြစ်နေတော့တာ ပရိသတ်တွေလည်း မျက်မြင်ပါပဲနော်။ ကလေးယူဖို့ ကြိုးစားနေပြီလို့ လည်း ကောလာဟလတွေထွက်နေတဲ့ Justin တို့ စုံတွဲလေးကို မြင်ရတာ ပရိသတ်တွေကိုပါ အပျော်တွေကူးစက်စေတာ အမှန်ပါပဲ။ Justin တို့ စုံတွဲကို ချစ်တဲ့မိုမိုလေးပရိသတ်ကြီးကလည်း Like & Share လုပ်သွားဖို့ မမေ့နဲ့ ဦးနော်။

Ref : DailyMail
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။