အံ့အားသင့်စရာ ဖန်တီးမှုပေါင်းများစွာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများ

Posted on - Jan 10 []

Douglas Thura

စာရေးသူ

ယနေ့ ခေတ် Hollywood ရုပ်ရှင်တွေထဲမှာ CGI Effect တွေမပါတဲ့ ရုပ်ရှင်ဇာတ်ကားဆိုတာ မရှိသလောက်ရှားပါးလာပြီဖြစ်ပါတယ်။ CGI Effect တွေထည့်သွင်းရိုက်ကူးမှသာ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အနှစ်သာရကို ပိုမိုခံစားရတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေကလည်း ရုံပြည့်လျှံပြည့်အားပေးလာကြတာဖြစ်ပါတယ်။ ဇာတ်ညွှန်းအရ လက်ရှိကမ္ဘာပေါ်မှာ မရှိသေး/မရှိတော့တဲ့အရာတွေကို ပုံဖော်ရိုက်ကူးရတာဖြစ်တဲ့အတွက် ရုပ်ရှင်ဒါရိုက်တာတွေဟာ CGI Effect တွေကို မဖြစ်မနေထည့်သွင်းရိုက်ကူးရတာဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ CGI Effect တွေထည့်သွင်းရိုက်ကူးထားတာကြောင့် မထင်မှတ်လောက်စရာကောင်းလောက်အောင် အသက်ဝင်ပီပြင်လွန်းတဲ့ ကမ္ဘာကျော်ရုပ်ရှင်တွေထဲက ဖန်တီးမှုပုံရိပ်တွေတစ်ချို့ ကို နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ BrightSide က တင်ပေးထားတာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ( တစ်ချို့ပုံရိပ်တွေကတော့ CGI မသုံးပဲ မိတ်ကပ်အစွမ်းနဲ့ ပြုပြင်ပြီး လူကိုယ်တိုင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် )

1977 ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Wars. Episode IV: A New Hope ဇာတ်ကားရဲ့ ရိုက်ကွင်းတစ်ချို့ 

1984 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghostbusters ဇာတ်ကားထဲက မကောင်းဆိုးရွားကြီးရဲ့ ဖန်တီးမှုပုံစံ

1993 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Jurassic Park ဇာတ်ကားထဲက ဒိုင်နိုင်ဆောကြီးရဲ့ ဖန်တီးမှုပုံစံ(ဒိုင်နိုင်ဆောကြီးကို Effect တွေနဲ့ လုပ်ထားတာမဟုတ်ဘူးနော်၊ အံ့သြစရာပါပဲ)

1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော် Titanic ရုပ်ရှင်ထဲက ဇာတ်သိမ်းခန်းရိုက်ကွင်း

2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Martian ဇာတ်ကားထဲက ရိုက်ကွင်းတစ်ခု (အာလူးပင်တွေစိုက်နေတဲ့ ဇာတ်ဝင်ခန်းဖြစ်မယ်နော်)

နာမည်ကြီးရုပ်ရှင် Life Of Pi ဇာတ်ကားထဲက ဇာတ်ဝင်ခန်း ဖန်တီးမှုပုံရိပ်တစ်ချို့ 

1984 ခုနှစ်က ထွက်ရှိခဲ့တဲ့ Terminator ဇာတ်ကားထဲက မင်းသားကြီးအာနိုးရဲ့ စက်ရုပ်ပုံစံဖန်တီးမှု

2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Guardians of the Galaxy ဇာတ်ကားထဲက နည်းပညာဖန်တီးမှုပုံရိပ်

Hollywood က ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်တဲ့အခါ သောက်သောက်လဲအောင်မြင်တာလည်း မပြောနဲ့ ၊ ဖန်တီးမှုတွေကလည်း ရူးချင်စရာပဲနော် ပရိသတ်ကြီးရေ။ ပရိသတ်ကြီးကလည်း နိုင်ငံတကာရုပ်ရှင်ဇာတ်ကားကောင်းတွေကို ချစ်မြတ်နိုးရင် Like & Share လုပ်သွားဖို့ မမေ့နဲ့ နော်။

Ref : BrightSide
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။